အိတ်ဇောပိုက်ဖြုတ် ဆိုင်ကယ် မောင်းသူများအား ခံဝန်လက်မှတ် ထိုးခိုင်း

0
470

ကော့သောင်းမြို့ပေါ်တွင် ဆိုင်ကယ် အိတ်ဇောပိုက်ဖြုတ် မောင်းသူများကို ယာဉ်ထိန်းရဲတပ်ဖွဲ့မှ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးရုံးတွင် ခံဝန်လက်မှတ် ထိုးခိုင်းခြင်းကို စတင်ဆောင်ရွက်နေ သည် ဟု ကော့သောင်းမြို့နယ် ယာဉ်ထိန်း ရဲတပ်ဖွဲ့မှ သိရသည်။

အိတ်ဇောပိုက်ဖြုတ် မောင်းနှင်သည့် ဆိုင်ကယ် ၁၈စီးကို အရေးယူကာ နောက် တစ်ကြိမ်မလုပ်ရန် စက်တင်ဘာလ ၁၂ရက် မြို့နယ် ထွေ ^ အုပ်ရုံးတွင် ခံဝန် လက်မှတ် ထိုးခိုင်း ခဲ့ကြောင်း ယာဉ်ထိန်း ရဲတပ်ဖွဲ့က ပြောသည်။ အိတ်ဇောဖြုတ် မောင်းသူများအား တွေ့ရှိပါက ယာဉ်စည်းကမ်း ဥပဒေ ပုဒ်မ ၂၂အရ ဒဏ်ငွေ ကျပ် ၁၅၀၀၊ ဒေသန္တရ ဒဏ်ငွေ ကျပ် ၈၅၀၀ ပေါင်း ကျပ် တစ်သောင်း ပေးဆောင်စေကြောင်း သိရ သည်။

မြို့နယ် ထွေ ^အုပ်ရုံး ထုတ်ပြန် ထားသည့် မြို့နယ် အေးချမ်းသာယာရေး နှင့် တည်ငြိမ်အေးချမ်းရေး ဥပဒေ ပုဒ်မ ၁၄၄အရ အရေးယူမည့် စည်းကမ်းချက် များကို လိုက်နာပါမည်ဟု ခံဝန်လက်မှတ် ထိုးခိုင်းခြင်း ဖြစ်သည်ဟု အထက်ပါ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲမှူးမောင်မျိုးက ရှင်းပြသည်။
” ပထမအကြိမ် ဖမ်းမိလို့ ဆိုင်ကယ် မသိမ်းဘူး၊ ဒဏ်ငွေ ရိုက်မယ်၊ နောက် မလုပ်ဖို့ ခံဝန်ထိုးခိုင်းမယ်၊ နောက်တစ် ကြိမ် ဒီလူကပဲ ပြန်ကျူးလွန်ရင် ထွေ ^အုပ် ရုံးက ထုတ်ပြန်ကြေညာထားတဲ့ တည်ဆဲ ဥပဒေ ပုဒ်မ ၁၄၄ အရ ငွေဒဏ်သုံးသောင်း၊ မဆောင်နိုင်ရင် ထောင်ဒဏ် ၃လ အပြစ် ပေးလိုရတယ်” ဟု ၎င်းက ရှင်းပြသည်။

အိတ်ဇောပိုက်ဖြုတ်မောင်းသူများကို ယခင်ကတည်းက ဖမ်းဆီးဒဏ်ရိုက် လေ့ရှိသော်လည်း ယခုနောက်ပိုင်းတွင် ခံဝန်ထိုးခိုင်ခြင်းကိုပါ ပူးတွဲ လုပ်ဆောင် ခြင်းဖြစ်ကြောင်း သိရသည်။

အိတ်ဇောပိုက်ဖြုတ် မောင်းသူများ သည် ဆယ်ကျော်သက် လူငယ်အများစု လုပ်လေ့ရှိပြီး ယင်း ဆူညံသံများကြောင့် စိတ်အနှောင့်အယှက် ဖြစ်ကြရသည်ဟု ပိတောက်ရွှေဝါရပ်ကွက်နေ ဦးသောင်း အေးက ပြောသည်။ခံဝန်ထိုးခိုင်းသည့် အိတ်ဇောပိုက် ဖြုတ်မောင်းသူများအနက် အသက် ၂၀ အောက် လူငယ်အများစု ဖြစ်သည်ဟု ယာဉ်ထိန်းရဲတပ်ဖွဲ့က ပြောသည်။