တနင်္သာရီ-ကော့သောင်း ကားလမ်းပေါ် တံတားကျိုး

0
542

တနင်္သာရီ မြို့နယ်မှ ကော့သောင်း မြို့သို့ ဆက်သွယ်သွားလာနေသည့် လမ်းမ ပေါ်ရှိ ချောင်းလမုတံတား စက်တင်ဘာလ ၁၁ရက် ညနေပိုင်းက ကျိုးကျခဲ့ကြောင်း သိန်ခွန်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးဌေးဦးထံမှ သိရသည်။

တံတားကျိုးကျမှုကြောင့် ဘုတ် ပြင်း-ကော့သောင်း ကားလိုင်းများမှ ခရီးသည်များကို ကားပြောင်းကာ ဖြတ် သန်းသွားလာနေရပြီး မော်တော် ဆိုင်ကယ် ဖြင့် သွားသူများကလည်း လက်ရှိအချိန် တွင် ဝါးဖေါင်များ၊ လှေငယ်များဖြင့် ဖြတ် သန်းသွားလာ နေရကြောင်း အေးသာယာ ရွာသားအချို့ထံမှ သိရသည်။