မောတောင်တွင် စက်ဘီးစီးပွဲတော် ကျင်းပမည်

0
494

ထိုင်းနိုင်ငံ ပရာကျွတ်မြို့နှင့် တဆက်တည်းရှိသည့် တနင်္သာရီ မြို့နယ် မောတောင်ဒေသတွင် စက်ဘီးစီး ပွဲတော်ကို စက်တင်ဘာလ ၆ ရက်နေ့တွင် ကျင်းပမည်ဟု ယင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သူ ထံမှ သိရသည်။

မောတောင်နယ်စပ်ဂိတ်မှ တာထွက်မည်ဖြစ်ပြီး အမှတ် ၃ ရက် ကွက်အထိ စီးကာ ယင်းနေရာမှ ပြန်လှည့် ပြီးပရာကျွတ်ကမ်းခြေတွင် ပန်းဝင်မည် ဖြစ်ကြောင်း သိရသည်။ ” နယ်စပ်ဒေသမှာ ရှိကြတဲ့ ဒေသခံတွေ တစ်ဦးနဲ့တစ်ဦး ချစ်ကြည် ရေးအတွက် ပြုလုပ်တာပါ” ဟု အုပ်ချုပ်ရေး မှူး ဦးကျော်သူက ပြော သည်။
အဆိုပါ စက်ဘီးစီးပွဲတော်ကို ထိုင်းဘက်မှ ဦးဆောင်ပြုလုပ်ခြင်း ဖြစ်ပြီး စက်ဘီးအစီးရေ ၁၅၀၀ ကျော်ခန့်ဖြင့် ပြုလုပ်မည်ဟု ကြား ထားသည်ဟု မောတောင်ဒေသခံတချို့က ပြောသည်။

” စက်ဘီးစီးရေ ဘယ်လောက်အထိ ရှိမလဲဆိုတာ အတိအကျ ပြောလို့မရသေးပါဘူး” ဟု မောတောင်အုပ်ချုပ် ရေးမှူး ဦးစိုးဝင်းက ပြောသည်။
မောတောင်နယ်စပ်စခန်းကို မြန်မာဘက်က ၂၀၁၃ ခုနှစ် မေလ ၈ ရက်နေ့တွင် တရားဝင်ဖွင့်လှစ်ခဲ့ပြီး ထိုင်းဘက်မှ ဆင်ခွန်းဂိတ်ကို ၂၀၁၅ ခုနှစ် မေလ ၂၃ ရက်နေ့မှစပြီး ယာယီနယ်စပ်ဂိတ်မှ အထူး ယာယီနယ်စပ် ဂိတ်အဖြစ်သို့ တိုးမြှင့်ဖွင့်လှစ်ထားကြောင်း သိရသည်။
ယင်းကဲ့သို့ အထူးယာယီ နယ်စပ်ဂိတ်အဖြစ်သို့ တိုးမြှင့်ဖွင့် လှစ်ပြီးချိန်မှစပြီး ပရာကျွတ်မြို့နယ်အတွင်းသို့ တစ်ညအိပ်နှစ်ရက် လည်ပတ်ရေး ခရီးစဉ်ကို ထိုင်းဘက်က ခွင့်ပြုထားသည်။