ကော့သောင်း ရပ်/ကျေး ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများကို သင်တန်းပေးမည်

0
493

မကြာမီ ကျင်းပမည့် ရွေးကောက် ပွဲတွင် အမှားနည်းစေရန် ကော့သောင်း ခရိုင်အတွင်းရှိ ရပ်ကွက် ^ ကျေးရွာ ကော်မရှင် အဖွဲ့ခွဲများအား ရွေးကောက်ပွဲ အသိပညာပေး သင်တန်းပို့ချမည် ဖြစ် ကြောင်း ကော့သောင်းခရိုင် ကော်မရှင် အဖွဲ့ခွဲထံမှ သိရသည်။

ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေ များနှင့် စည်းကမ်းချက်များ၊ လုပ်ငန်း လမ်းညွှန်ချက်များကို ပို့ချမည်ဟု သိရ သည်။
” ရပ် /ကျေးကော်ခွဲတွေကို ရွေးကောက် ပွဲနဲ့ ပတ်သက်လာရင် ကျေကျေညက် ညက်ဖြစ်ဖို့ ရည်ရွယ်ပါတယ်” ဟု ကော့ သောင်းခရိုင်က်ာမရှင် အဖွဲ့ခွဲမှ ဒု – ဦးစီး အရာရှိက ဆိုသည်။

ခမောက်ကြီးမြို့နှင့် ကော့သောင်း မြို့မှ ရပ်^ကျေးကော်ခွဲများကို အရင် သင် တန်းပေးပြီး ဘုတ်ပြင်းမြို့တွင် ဒုတိယ အကြိမ် သင်တန်းပေးမည်ဟု သိရသည်။
စက်တင်ဘာလ ၁၂ ရက်နေ့တွင် တစ်ရက်တာ သင်တန်းကို ကော့သောင်း မြို့တွင် ပို့ချမည်ဟု သိရသည်။