ထိုင်းမှ တရားမဝင် အေးခဲအသား ဝင်ရောက်မှုထိန်းရန် နယ်စပ်နှင့် ဒေသတွင်းဌာနများ ဟန်ချက်ညီရန်လို

0
791

ထိုင်းနိုင်ငံမှ တရားမဝင် အေးခဲ အသား ဝင်ရောက်မှုကို နယ်စပ်ဂိတ် ပေါက်များရှိ ဌာနဆိုင်ရာ အဖွဲ့အစည်း များနှင့် ဒေသတွင်း ဌာနဆိုင်ရာ အဖွဲ့ အစည်းများ ဟန်ချက်ညီစွာ လုပ်ဆောင် ရန် လိုအပ်သည်ဟု ကုန်သွယ်မှု မြှင့်တင် ရေးနှင့် စာသုံးသူရေးရာ ဦးစီးဌာန တနင်္သာရီတိုင်းဒေသကြီး ဦးစီးမှူး ဦးကျော်စွာဝင်းက ပြောကြားသည်။

တရားမဝင် အေးခဲအသားနှင့် ပတ် သက်ပြီး ဒေသအတွင်းဌာန အဖွဲ့အစည်း များ စုပေါင်း၍ ဈေးများတွင် မရောင်းရန် အသိပညာပေးခြင်း၊ တိုင်ကြားသူရှိပါက အရေးယူခြင်း စသည်ဖြင့် လုပ်ဆောင်နေ ချိန်တွင် နယ်စပ်ဂိတ်ရှိ ဌာနဆိုင်ရာ အဖွဲ့ အစည်းများကလည်း အေးခဲအသား ဝင်ရောက်မှုကို ထိန်းပေးမည်ဆိုပါက အေးခဲအသား ပျံ့နှံ့မှုကို လျော့ကျစေနိုင် မည် ဖြစ်ကြောင်း ဦးကျော်စွာဝင်းက ပြော သည်။
” အဓိကကတော့ ဟန်ချက်ညီဖို့ပဲ လိုတာပေါ့။ တစ်ဖက်မှာ Awareness (အသိပညာပေး) လုပ်၊ နယ်စပ်ကလည်း ထိန်းပေး မယ်ဆိုရင် အေးခဲအသားက လျော့လာမှာပေါ့” ဟု ၎င်းက ဆိုသည်။

နယ်စပ်ဂိတ်များက မည့်သည့် တင် သွင်းခွင့်မှ ပေးမထားသည့်အတွက် လက် ရှိ နယ်စပ်ဂိတ်ပေါက်များက ဝင်ရောက် နေသည့် အသားများမှာ တရားမဝင် တင် သွင်းနေသည့် အသားများ ဖြစ်သည်ဟု ဦးကျော်စွာဝင်းက ပြောသည်။

” ဒီအသားတွေကို နယ်စပ်ဂိတ်က နေပိတ်ပြီး တားသင့်ပါတယ်။ မြို့ထဲ ရောက်ရင် ပြန့်သွားပြီး လျော့အောင် လုပ်ဖို့ ခက်သွားတယ်” ဟု ၎င်းကဆို သည်။
ထားဝယ်ဒေသတွင်း စားသောက် ဆိုင်တချို့တွင် ဒေသထွက် ကြက်သား ထက် ဈေးနှုန်းချို၍ အသားပိုများသည့် အေးခဲကြက်သားကို အဓိက အသုံးပြုနေ ကြကြောင်း စားသောက်ဆိုင် တချို့ထံမှ သိရသည်။

” တရားမဝင် အသားတွေဖြစ်လို့ Manufacturing Date (ထုတ်လုပ် ရက်)၊Expire Date (ကုန်ဆုံးရက်)တွေ မရှိဘူး။ စစ်ဆေးထားတာ တွေလည်း မရှိလို့ အန္တရာယ်ရှိနိုင်တယ်လို့ ယူဆရ တယ်” ဟု ထားဝယ်ခရိုင် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ ခရိုင်ဦးစီးဌာနမှူး ဒေါက်တာ တင်ဌေးက ပြောသည်။
ထိုင်းနိုင်ငံမှ တရားမဝင် ဝင်ရောက် သည့် အေးခဲအသားများ တားဆီးသည့် တစ်ဖက်တွင် ဒေသထုတ် အသားများ ကိုလည်း သန့်ရှင်း သပ်ရပ်စွာ စနစ်တကျ ရောင်းချရေးအတွက် ပညာပေးရန် လိုအပ် သည်ဟု ဦးကျော်စွာဝင်းက ပြောသည်။

ထားဝယ်မြို့ရှိ စည်ပင်သာယာ ကမ်းနားဈေးတွင် စက်တင်ဘာလ ၁ ရက် နံနက်ပိုင်းက ဌာနဆိုင်ရာ ပေါင်းစုံပါဝင် သည့် စားသုံးသူ အငြင်းပွားမှု ဖြေရှင်း ရေးအဖွဲ့က ကြက်သားဆိုင် ၁၀ဆိုင်၊ ဝက်သားဆိုင် ၅ ဆိုင်နှင့် ငါးခြောက်ဆိုင် ၇ ဆိုင် တို့ကို စစ်ဆေး ပညာပေးခဲ့ပြီး တွေ့ရှိခဲ့သည့် တရားမဝင် အေးခဲကြက် ၁၁.၅၇ ပိဿာကို မြေမြှုပ်ဖျက်ဆီးခဲ့ ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

À