မြိတ်တွင် လူသစ်တန်း ဖိတ်ခေါ် စစ်တုရင်ပြိုင်ပွဲ ကျင်းပမည်

0
437

မြိတ်မြို့နယ်တွင် မြို့နယ် အားက စားနှင့် ကာယပညာကော်မတီ ဥက္ကဋ္ဌ ဖလားလူသစ်တန်းဖိတ်ခေါ် စစ်တုရင် ပြိုင်ပွဲကို စက်တင်ဘာလ ၆ ရက်နေ့မှ စပြီး မြိတ်ခရိုင်အားကစားခန်းမတွင် ကျင်းပပြုလုပ်သွားမည်ဟု ယင်းပြိုင်ပွဲ ဒိုင်ချုပ်ဦးမျိုးမြင့်ထံမှ သိရသည်။

ပြိုင်ပွဲဦးရေ ၄၀ ဦးခန့် ဝင်ကစား မည်ဖြစ်ပြီး တစ်ဦးလျှင် 6 Round ( ပတ်လည် ၆ ပွဲ)ကစားရမည်ဟု ဒိုင်ချုပ် ဦးမျိုးမြင့်က ပြောသည်။
အဆိုပါ လူသစ်တန်း ဖိတ်ခေါ် စစ်တုရင်ပြိုင်ပွဲကို မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဋ္ဌာနမှ မြိတ်တွင် ပထမ ဆုံးအနေဖြင့် ဦးစီးကျင်းပခြင်း ဖြစ် ကြောင်း သိရသည်။

တိုင်းနှင့်ပြည်နယ် ကစားပွဲများနှင့် ၃နှစ်ခန့် ဝေးကွာနေသည့် ကစားသမား များနှင့် ပြိုင်ပွဲလုံးဝ မကစားဖူးသေး သည့် ကစားသမားများကို လူသစ်တန်း အဖြစ် သတ်မှတ်ထားကြောင်း ဒိုင်ချုပ် ထံမှ သိရသည်။ပြိုင်ပွဲတွင် ပထမဆုရရှိသူများကို ငွေသုံးသောင်းကျပ်နှင့် ဆုတံဆိပ်၊ ဒုတိ ယဆု ငွေနှစ်သောင်းကျပ်နှင့် ဆုတံဆိပ် နှင့် တတိယဆုအတွက် ငွေတစ်သောင်း ကျပ်နှင့် ဆုတံဆိပ်များကို အား / ကာ ဦးစီးဌာနမှ ချီးမြှင့်ပေးသွားမည်ဟု သိရ သည်။
မြိတ်မြို့နယ်တွင် စစ်တုရင်ပြိုင်ပွဲ များကို ပုဂ္ဂလိကအနေဖြင့် ၂၀၀၈ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ နှစ်စဉ် ပြည်ထောင်စု နေ့တွင် မြို့သစ်ရပ် ရွှေကိန္ဒရီစတိုးဆိုင်မှ ဦးစီးပြီး ရွှေကိန္ဒရီဖလား ဖိတ်ခေါ် စစ်တုရင်ပြိုင်ပွဲ ကျင်းပလာသည်မှာ ၄ ကြိမ်အထိရှိနေပြီ ဖြစ်ကြောင်း သိရသည်။