ကိုယ်စားလောင်းစာရင်း ကော့သောင်းမြို့နယ် တိုင်းလွှတ်တော်တစ်နေရာ ထုတ်ပြန်ရန် ကျန်ရှိ

0
378

စက်တင်ဘာ ၅ ရက်နေ့က ထုတ် ပြန်သည့် လွှတ်တော် ကိုယ်စားလှယ် လောင်းစာရင်းတွင် ကော့သောင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော် အမှတ် ၁ နေ ရာကို စိစစ်ဆဲဖြစ်သဖြင့် ယင်းရက် တွင် မထုတ်ပြန်နိုင်သေးကြောင်း ကော့သောင်း ခရိုင် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ထံမှ သိရသည်။

“ကော်မရှင်ဥပဒေနဲ့ ငြိလို့ မထုတ် ပြန်တာ မဟုတ်ပါဘူး။ ဝင်ပြိုင်မယ့် ကိုယ်စားလှယ်တွေ စိစစ် မပြီးသေးလို့ ပါ” ဟု ယင်းကော်မရှင် ဦးစီးမှူးက ဆိုသည်။
ကော့သောင်းမြို့နယ်တွင် တိုင်းရင်း သား စည်းလုံးညီညွတ်ရေး ပါတီ၊ ထားဝယ် တိုင်းရင်းသားများ ပါတီ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ မွန်အမျိုး သားပါတီ၊ အမျိုးသားတိုးတက်ရေးပါတီ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်တို့ ဝင် ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။
နိုင်ငံတဝှမ်း လွှတ်တော်ကိုယ်စား လှယ်လောင်း ၈၈ ဦး ပယ်ချခံရသော် လည်း တနင်္သာရီ တိုင်းဒေသကြီးတွင် တစ်ဦးမျှ ပယ်ချခံရခြင်း မရှိပေ။