ထားဝယ် စာသင်ကျောင်းများတွင် ကလေးသူငယ်များ ဥပဒေနှင့် ငြိစွန်းသည်အထိ ရိုက်နှက်မှုများဆဲ

0
429

ထားဝယ်စာသင်ကျောင်းများတွင် ကလေးသူငယ်များအား ဥပဒေနှင့် ငြိစွန်းသည်အထိ ရိုက်နှက်မှုများ ရှိနေ ဆဲဖြစ်ကြောင်း ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေးအဖွဲ့ ( Save the Children) အဖွဲ့ကို ကိုးကားပြီး စက်တင် ဘာလ ၅ ရက်နေ့ထုတ် ၇ Dပျေ သတင်းစာတွင် ဖော်ပြသည်။

လူမှုဝန်ထမ်း ဦးစီးဌာနနှင့် Save the Children အဖွဲ့တို့ ၂၀၁၄ ဩဂုတ်လမှ ၂၀၁၅ ဇွန်လအထိ ပူး ပေါင်း ဆောင်ရွက်ခဲ့သည့် မြို့နယ်ပေါင်း ၂၀ ခန့်ရှိ ကလေးသူငယ်နှင့် ပတ်သက်သည့် ပြဿနာ ၄၀၀ ကျော် အနက် ထားဝယ် မြို့တွင် ကလေးသူငယ်အမှု ၅၄မှုရှိ ကြောင်း ယင်းသတင်းစာတွင် ဖော်ပြသည်။
ယင်းအမှုများအနက် ဥပဒေနှင့် ငြိစွန်းသည့် ရိုက်နှက်မှု ၁၇မှု ရှိကြောင်း ယင်းသတင်းက ဆိုသည်။

” အရင်လို ကြိမ်လုံး မကိုင်တော့ ဘူး၊ အရင်လောက်တော့ မရိုက်တော့ ပါဘူး။ ဒါပေမယ့် တခါတလေတော့ နည်းနည်းပါးပါး ရိုက်တုန်းပဲ” ဟု လောင်း လုံးမြို့နယ်မှ အလယ်တန်းပြ ဆရာမ တစ်ဦးက ဆိုသည်။
ကလေးသူငယ်ဥပဒေပါ ပြဋ္ဌာန်းချက် များနှင့် ငြိစွန်းသည့် မည်သည့် ရိုက်နှက် ဆုံးမမှုကိုမဆို ဥပဒေနှင် ငြိစွန်းသည့် ရိုက် နှက်မှုဟု သတ်မှတ်ကြောင်း ထားဝယ် မြို့ခံ အထက်တန်းရှေ့နေတစ်ဦးက ပြောသည်။