မဲဆွယ် ပိုစတာထောင်ရန် စည်ပင်တွင် ခွင့်ပြုချက် တောင်းရမည်

0
385

ရွေးကောက်ပွဲဝင်မည့် ကိုယ်စား လှယ်လောင်းများ မဲဆွယ်ရေးကာလတွင် မဲဆွယ်မည့် ပိုစတာထောင်ရန်အတွက် သက်ဆိုင်ရာ မြို့နယ် စည်ပင်သာယာရေး ကော်မတီထံတွင် ခွင့်ပြုချက်တောင်းခံရမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထား သည်။

မဲဆွယ်ကာလ စက်တင်ဘာလ ၈ ရက် နံနက် ၆ နာရီမှ နိုဝင်ဘာလ ၆ ရက် အထိ ရက်ပေါင်း ၆၀ အတွင်း လွှတ်တော် ကိုယ်စားလှယ် လောင်းများ၏ ကိုယ်ရေးကိုယ်တာ အချက်လက်၊ စွမ်းဆောင်ရည်နှင့် မူဝါဒ သဘောထား၊ လုပ်ငန်းစဉ်စသည် တို့ကို ပိုစတာများ စိုက်ထူခြင်း၊ ချိတ်ဆွဲခြင်း၊ ကြော်ငြာ ခြင်းတို့ ပြုလုပ်လိုပါက သက်ဆိုင်ရာ မြို့တော် စည်ပင်သာယာရေးကော်မတီ သို့မဟုတ် မြို့နယ်စည် ပင်သာယာရေး ကော်မတီထံတွင် ခွင့်ပြုချက် တောင်းခံ ရမည်ဟု ကော်မရှင်က ထုတ်ပြန်ထား သည်။

” ကိုယ်စားလှယ်တွေက အဆိုပြု လာတဲ့အပေါ်မှာ လမ်းဧရိယာနဲ့ မလွတ် မလပ်၊ အများအတွက် အနှောင့်အယှက် ရှိမရှိ စတာတွေကို စိစစ်ပြီး လွတ်ကင်း တဲ့ နေရာတွေမှာ ခွင့်ပြုပေးမယ်” ဟု ထားဝယ်မြို့နယ် စည်ပင်သာယာရေး အဖွဲ့မှ အမှုဆောင်အရာရှိ ဦးအောင် ကျော်မျိုးက ပြောသည်။
ကိုယ်စားလှယ်လောင်းများ အနေ ဖြင့် စိုက်ထူမည့် ပိုစတာအရွယ် အစား နှင့်နေရာတို့ကို စည်ပင်သာယာရေး အဖွဲ့ ထံသို့ လာရောက် အဆိုပြုရမည် ဖြစ် ကြောင်း ဦးအောင်ကျော်မျိုးက ပြောသည်။

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှလည်း မဲဆွယ်စည်းရုံးခြင်း ကာလ အတွက် ကိုယ်စားလှယ်လောင်း ပိုစတာ များ စိုက်ထူခြင်းကို စည်ပင်သာယာရေး အဖွဲ့မှ ကြီးကြပ်ရန် ညွှန်ကြားထားကြောင်း ထားဝယ်မြို့နယ် စည်ပင်သာယာရေး အဖွဲ့ထံမှ သိရသည်။စည်ပင်သာယာရေးအဖွဲ့ စီမံခန့် ခွဲခွင့်ရှိသည့် လမ်းများတွင် လက်ရှိကပ် ထားသည့် စီးပွားရေးကြော်ငြာ များကို အရွယ်အစား စတုရန်းပေ ၂၀၀ ရှိပါက ၁ စတုရန်းပေကို တစ်နှစ်လျှင် ၈၀၀ ကျပ်နှုန်း၊ စတုရန်းပေ ၂၀၀ က ၈၀၀ ကြားရှိပါက ၁ စတုရန်းပေကို တစ်နှစ် လျှင် ၁၀၀၀ ကျပ်နှုန်း စသဖြင့် နှုန်းထား ကောက်ခံသော်လည်း မဲဆွယ်စည်းရုံး ခြင်း ပိုစတာများမှာ တစ်နှစ်ပတ်လုံး စိုက်ထူခြင်း မဟုတ်သောကြောင့် စိုက်ထူ သည့် အရွယ်အစားပေါ်မူတည်၍ ဈေးနှုန်း ကို ချင့်ချိန်ကာ ဆောင်ရွက်ပေးမည်ဖြစ် ကြောင်း ၎င်းက ပြောသည်။

စိုက်ထူထားသည့် ပိုစတာများကို မဲဆွယ်စည်းရုံးခွင့်ပြုထားသည့် နောက် ဆုံးရက် နိုဝင်ဘာလ ၆ ရက်နေ့ ည ၆ ရက်နေ့ နောက်ဆုံးထား၍ ဖြုတ်သိမ်းရ မည်ဖြစ်ပြီး ဖြုတ်သိမ်းခြင်းမရှိပါက မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ နှင့် မြို့နယ်စည်ပင် သာယာရေးကော်မတီ တို့က ညှိနှိုင်းဖြုတ်သိမ်းမည်ဖြစ်ကာ ဖြုတ် သိမ်းရာတွင် ကုန်ကျသည့် ကုန်ကျ စရိတ်ကို သက်ဆိုင်ရာ လွှတ်တော် ကိုယ် စားလှယ်လောင်းက ပေးချေရမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် က ထုတ်ပြန်ထားသည်။