ကန်ခေါင်း အငြင်းပွား မြေနေရာ တရားနည်းလမ်းတကျ တောင်းပါက စည်ပင် စဉ်းစားမည်

0
483

မြိတ်မြို့နယ် ကန်ခေါင်းရပ်ကွက်ရှိ စည်ပင်နှင့် ဒေသခံများ ပိုင်ဆိုင်မှု အငြင်း ပွားနေသည့် မြေနေရာအား မီးသတ်ကား ထားရန်နှင့် အုပ်ချုပ်ရေးမှူးရုံး တည် ဆောက်ရန်အတွက် စနစ်တကျ တောင်း ဆိုပါက စဉ်းစားမည်ဟု မြိတ်ခရိုင် စည်ပင်သာယာရေးအဖွဲ့မှ ဦးစီးမှူး ဦးသက်ဦးရှိန်က ပြောသည်။

ပြီးခဲ့သည့် ၃ လကျော်ခန့်က မီးလောင်မှုဖြစ်ပြီးနောက် စက်ရုံလည် ပတ်မှု ရပ်ထားသည့် ကန်ခေါင်း မီးစက် ကြီး မြေနေရာကို မြိတ်စည်ပင်သာယာ ရေး ဌာနနှင့် ရပ်ကွက်နေသူမျာ ;အကြား ပိုင်ဆိုင်မှု အငြင်းပွားခဲ့ခြင်း ဖြစ်သည်။ရပ်ကွက်နေ လူထုက ယင်းမြေ နေရာတွင် ပန်းခြံ (သို့မဟုတ်) မီးသတ် ကားထားရန်နေရာ (သို့မဟုတ်) ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးဆောက်ရန် နေရာအဖြစ် သတ်မှတ်ပေးရန် တောင်းဆိုလျက် ရှိ သည်။
“ဒီမြေက သေးသေးလေးပါ၊ သူတို့ တောင်းဆိုနေတဲ့ နေရာမှာ ပန်းခြံတည် ဆောက်ဖို့ဆိုတာ မဖြစ်နိုင် ပါဘူး၊ ပန်းခြံ အင်္ဂါရပ်နဲ့ မကိုက်ညီတော့ စည်ပင်အနေနဲ့ ကတော့ ခွင့်ပြုမပေးနိုင်ပါဘူး” ဟု ဦးသက်ဦးရှိန်က ထောက်ပြသည်။

ယင်းမြေနေရာသည် စည်ပင် သာယာ ရေး ဌာနအမည်ဖြင့် မြေဂရံထွက်ပြီး ဖြစ်သည့်အတွက် ဌာနမှ ထိန်းသိမ်းထား သည့် သဘောဖြစ်ပြီး ရပ်ကွက်နေလူထု တောင်းဆိုချက်များအနက် မီးသတ်ကား ထားရန် မြေနေရာ (သို့မဟုတ်) အုပ်ချုပ် ရေးမှူး ရုံးဆောက်ရန် မြေနေရာအဖြစ် သတ်မှတ်ရန်ကိုမူ တရားနည်းလမ်းတကျ တင်ပြလာပါက စဉ်းစားမည်ဟု ၎င်းက ပြောသည်။

ဧက ဝက်ခန့်ရှိသည့် ယင်းမြေနေ ရာတွင် ပြီးခဲ့သည့် ၃ လခန့်က မီးလောင် မှု မဖြစ်မီက စည်ပင်ဝန်ထမ်း အိမ်ရာတန်း လျား ၂ ခု၊ ရေတွင်း ^ ရေကန်နှင့် မီး စက်ရုံ တစ်ခုရှိသည်။
၁၉၈၉ ခုနှစ် ဝန်းကျင်ကလည်း ယင်းနေရာတွင် မီးလောင်မှု ဖြစ်ခဲ့ဖူးပြီး မူလနေထိုင်သူများကို တခြားနေရာသို့ ပြောင်းရွှေ့နေရာချပေးကာ ယင်းနေရာ ကို ပန်းခြံမြေနေရာအဖြစ် သတ်မှတ်ပေး ခဲ့သည်ဟု သိရသည်။