ကောင်းသစ်စံယာဉ်လိုင်း ကော့ သောင်း – ရန်ကုန် ခရီးစဉ် တိုက်ရိုက် ပြေးဆွဲမည်

0
1153

ကော့သောင်း – ရန်ကုန် တိုက်ရိုက် ခရီးစဉ်ကို စက်တင်ဘာလလယ်မှ စပြီး ကောင်းသစ်စံ ခရီးသည် ပို့ဆောင်ရေး ယာဉ်လိုင်းမှ ပြေးဆွဲရန် စီစဉ်လျက်ရှိ ကြောင်း ယင်းယာဉ်လိုင်း ကော့သောင်း ဂိတ်မှူးထံမှ သိရသည်။


စက်တင်ဘာလ ၁၆ ရက်နေ့တွင် စတင်မည်ဖြစ်ပြီး နေ့စဉ် ပုံမှန် ပြေးဆွဲ သွားမည်ဖြစ်ကြောင်း အထက်ပါ ဂိတ်မှူး ဦးအောင်စိုးက ပြောသည်။
” လက်ရှိအချိန်ထိတော့ ဈေးနူန်း မသတ်မှတ်ရသေးဘူး” ဟု ၎င်းက ဆို သည်။ကော့သောင်း – မြိတ် လမ်းပိုင်း တွင် လမ်းအခြေအနေအရ ရိုးရိုးမှန်လုံ ယာဉ်ကိုသာ အသုံးပြုမည်ဖြစ်ပြီး မြိတ် ရောက်သည့်အခါ လေအိတ်ကားကို ပြောင်းပြီး ရန်ကုန်သို့တိုက်ရိုက် ခရီး ဆက်မည်ဟု သိရသည်။

kaung_thit_san
ကော့သောင်းမှ မွန်းလွဲ ၂ နာရီ တွင် စတင်ထွက်ခွာမည်ဖြစ်ပြီး မြိတ်သို့ နောက်နေ့ နံနက်စောစော ရောက်ရှိကာ ရန်ကုန်သို့ ဆက်လက် ထွက်ခွာမည် ဖြစ်ပြီး ညနေ ၅ နာရီ ဝန်းကျင်တွင် ရန်ကုန်သို့    ရောက်မည်ဖြစ်ကြောင်း     ကောင်းသစ်စံ ယာဉ်လိုင်းမှ သိရသည်။
ယခင်က ကော့သောင်းမှ ရန်ကုန် သို့ မော်တော်ကားဖြင့် သွားပါက လမ်း တွင် ၂ ညအိပ် အချိန်ကုန်သည့်အတွက်    ဒေသခံများက မော်တော်ယာဉ်ဖြင့် ခရီး သွားသူနည်းပြီး မွန်ပြည်နယ်မှ ခရီးသည် များကဲ့သို့ အခြားဒေသမှ ခရီးသည်များ ကသာ စီးနင်းသည်ဟု ကော့သောင်းမြို့ခံ ဦးညီညီက ပြောသည်။
” လမ်းမှာ လမ်းပျက်တာ ဘာညာ ဆိုလည်း ကားတွန်းရတာမျိုးတွေ ဖြစ်လေ့ ရှိတော့လေ” ဟု ဦးညီညီက ဆိုသည်။
လက်ရှိတွင် ရွှေထားဝယ် ယာဉ်လိုင်း တစ်လိုင်းသာ ကော့သောင်း – ရန်ကုန် တိုက်ရိုက်ခရီးစဉ်ကို ပြေးဆွဲနေပြီး ယာဉ် စီးခ ကျပ် ၂၇၀၀၀ သတ်မှတ်ထားကြောင်း သိရသည်။
ကော့သောင်း – မြိတ် ပြေးဆွဲ           နေသည့် အခြားယာဉ်လိုင်းများတွင် ကော့သောင်း – ရန်ကုန်အတွက် လက် မှတ်တစ်ခါတည်း ဝယ်နိုင်ပြီး သက်ဆိုင် ရာယာဉ်လိုင်းများက မြိတ်ရှိ အခြား ယာဉ်လိုင်းများနှင့် ချိတ်ဆက်ပြီး ရန်ကုန် ခရီးစဉ်ကို ဆက်သွားသည်ဟု သိရသည်။
လက်ရှိတွင် ကော့သောင်းမြို့ အခြေ စိုက် အဝေးပြေးကားလိုင်း ၆ လိုင်းရှိ ကြောင်း သီရိမြိုင်ရပ်ကွက် ကားဝင်း ဂိတ်မှူးများထံမှ သိရသည်။
ကော့သောင်းမှ ရန်ကုန်အထိ ခရီး မိုင် ၇၈၈ မိုင် ကွာဝေးသည်။