မြိတ်တွင် ဆိုက္ကားပျောက်ကွယ် လုနီး

0
527
မြိတ်မြို့တွင်းရှိဆိုက်ကားတစ်စီးကိုတွေ့ရစဉ် ဓာတ်ပုံ - ဇော်ဇော်

လွန်ခဲ့သည့် နှစ် ၂၀ ဝန်းကျင်က မြိတ်မြို့နယ်အတွင်း ထောင်ဂဏန်းအထိ ရှိခဲ့သည့် ဆိုက္ကားများသည် လက်ရှိတွင် ပျောက်ကွယ်လုနီး အခြေအနေသို့ ရောက် နေပြီး ဆယ်ဂဏန်းသာ ရှိတော့ကြောင်း ဆိုက္ကားနင်းသူများနှင့် မြို့ခံများထံမှ သိရ သည်။

၁၉၉၅ ခုနှစ် ဝန်းကျင် နှစ်များက ဆိုက္ကားအစီးရေ ၁၅၀၀မှ ၂၀၀၀ ဝန်း ကျင်အထိ ရှိခဲ့ဖူးသော်လည်း လက်ရှိ တွင် အစီးရေ ၃၀ ခန့်သာရှိတော့ကြောင်း မြိတ်မြို့ခံ ဆိုက္ကားနင်းသူများက ပြော သည်။” ဆိုက္ကားတွေရဲ့ နေရာကို မော် တော်ဆိုင်ကယ်တွေ၊ ဆိုင်ကယ်နံဘေးတွဲ တွေနဲ့ တုတ်တုတ်(သုံးဘီးဆိုင်ကယ်)တွေ နေရာအစားထိုး ဝင်လာတာကြောင့် ပါ ” ဟု ဆိုက္ကားနင်းသက် နှစ် ၂၀ ဝန်း ကျင်ရှိသည့် ဦးမောင်စိုးက ဆိုသည်။

မြိတ်မြို့တွင်းရှိဆိုက်ကားတစ်စီးကိုတွေ့ရစဉ်  ဓာတ်ပုံ - ဇော်ဇော်
မြိတ်မြို့တွင်းရှိဆိုက်ကားတစ်စီးကိုတွေ့ရစဉ် ဓာတ်ပုံ – ဇော်ဇော်

ယခင်က မြိတ်မြို့ပေါ် ရပ်ကွက်များ နှင့် ဈေးများတွင် ဆိုက္ကားအသင်း အဖွဲ့ များ၊ ဂိတ်များဖြင့် ရှိခဲ့သော်လည်း လက် ရှိမှာ ငှားရမ်းအသုံးပြုသူနှင့် ခရီးသည် များက စိတ်ဝင်စားမှု မရှိတော့သဖြင့် အသင်း အဖွဲ့များ ဂိတ်များလည်း မရှိ တော့ဟု ဆိပ်ငယ်ဈေးကြီးတွင် ပြေးဆွဲ နေသည့် ဦးဆန်းတင့်က ဆိုသည်။
“ဘယ်သွားသွား ဆိုင်ကယ်နဲ့ သွား နေကြတော့ အဓိက က ပစ္စည်းတွေ တင်တာလောက်ပဲ ရှိတော့တယ်” ဟု ဦးဆန်းတင့်က ပြောသည်။

ယခင်က မြိတ်တွင် ဆိုက္ကား အုံနာ ထောင်သူ အများအပြားရှိခဲ့ပြီး တစ်ရက် ကို အုံနာခ ၅၀၀ ကျပ် ပေးရသည်ဟု သိရသည်။
လက်ရှိပြေးဆွဲနေသည့် ဆိုက္ကား အများစုမှာ ကိုယ်ပိုင်များဖြစ်ပြီး မြို့သစ် ဈေး၊ နောက်လယ်ဈေး၊ ဆိပ်ငယ် ဈေးကြီးနှင့် အောင်မင်္ဂလာဈေးများတွင် အဓိက ပြေးဆွဲသည်ဟု သိရသည်။

” လွန်ခဲ့တဲ့ ၅ နှစ်ခန့်လောက်က အဒေါ်မြိတ်ကိုစရောက်တုန်းက ဆိုက္ကား တွေ တော်တော်များများ တွေ့ပါသေး တယ်၊ အခုနောက်ပိုင်း သိပ်ကို မမြင်ရ တော့ဘူး”ဟု မြို့သစ်ဈေးမှ အသက် ၃၀ နှစ်ခန့်ရှိ ဈေးသည်တစ်ဦးက ဆိုသည်။ လက်ရှိအခြေအနေအတိုင်း ဆက် ဖြစ်နေပါက လာမည့် နှစ်နှစ်၊ သုံးနှစ် အတွင်း မြိတ်မြို့နယ် ဆိုက္ကားအစီးရေ ထပ်နည်း လာမည်ဖြစ်ပြီး တဖြည်းဖြည်း လုံးဝနီးပါး ပျောက်ကွယ်သွားနိုင် ကြောင်း မြိတ်မြို့ခံ ဆိုက္ကားနင်းသူများက ခန့်မှန်း သည်။