လာမည့် ရွေးကောက်ပွဲတွင် အမျိုး သမီး ကိုယ်စားလှယ်လောင်းများကို မဲပေး ရေးလှုပ်ရှားမှုကို မွန်အမျိုးသမီး ကွန်ရက် (MWN)က ပြုလုပ်သွားမည် ဖြစ်ကြောင်း ယင်းကွန်ရက်ထံမှ သိရသည်။
နိုင်ငံရေးတွင် အမျိုးသမီးများ ပါဝင် လာစေရန်နှင့် ဆုံးဖြတ်ချက်ချရာတွင် လည်း ပါဝင်လာစေရန် ရည်ရွယ်ပြီး ယင်း သို့ လှုံ့ဆော်ရန် စီစဉ်ခြင်းဖြစ်ကြောင်း MNW ၏ Peace and Security စီမံကိန်း လက်ထောက် ညှိနှိုင်းရေးမှူး ချမ်းလဝီမာည်က ပြောသည်။
” ဘယ်ပါတီက အမျိုးသမီးကိုယ် စားလှယ်လောင်းကိုမဆို အမျိုးသမီးကိုယ် စားလှယ်လောင်းတိုင်းအတွက် လုပ်တဲ့ လှုပ်ရှားမှုပါ” ဟု ချမ်းလဝီမာည်က ဆို သည်။
ထို့အပြင် မွန်အမျိုးသမီး ကွန်ရက် ၏ အားပေးမှုဖြင့် ဝင်ပြိုင်သည့် ကိုယ်စား လှယ်လောင်းများအတွက်လည်း မဲပေး ရေးလှုပ်ရှားမှု ပြုလုပ်သွားမည်ဟု ၎င်းက ထပ်လောင်းပြောသည်။
နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပ မည့် ရွေးကောက်ပွဲတွင် မွန်ပြည်နယ်၌ ဝင်ပြိုင်မည့် နိုင်ငံရေးပါတီ ၁၈ ခုတို့မှ အမျိုးသမီး ကိုယ်စားလှယ်လောင်း ၅၂ ဦး ပါဝင်ပြီး ၎င်းတွင် မွန်လူမျိုးများကို ကိုယ်စားပြုသည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ မွန်အမျိုးသားပါတီနှင့် အမျိုးသမီးပါတီ (မွန်) တို့မှ အမျိုးသမီး ကိုယ်စားလှယ်လောင်း ၁၃ ဦး ဝင်ပြိုင် မည်ဖြစ်သည်။