ကော့သောင်း အားကစားဖွင့်ပွဲများတွင် ဘင်ခရာအဖွဲ့များ မထည့်နိုင်သေး

0
621

ဆယ်စုနှစ်ချီ မကျင်းပနိုင်ခဲ့သည့် အားကစားပွဲများကို ပြန်လည် ကျင်းပ လာနိုင်သော်လည်း အားကစားဖွင့်ပွဲများ တွင် ဘင်ခရာအဖွဲ့များကို ထည့်သွင်း မကျင်းပနိုင်သေးကြောင်း ကော့သောင်း ခရိုင်အားကစားနှင့် ကာယပညာ ဦးစီး ဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးခင်မောင်ဦးက ပြောသည်။


ဘင်ခရာအဖွဲ့များသည်ကော့သောင်း ခရိုင်အတွင်းတွင် ပြီးခဲ့သည့် ဆယ်စု နှစ်က အားကစားပွဲများ မကျင်းပတော့ သည့် အချိန်မှစပြီး ပပျောက်သွားခဲ့သည် ဟု သိရသည်။
” ဖွင့်ပွဲတစ်ခုမှာ ဘာပဲဖြစ်ဖြစ် ဘင်ခရာ တီးဝိုင်းအဖွဲ့ပါမှ ပွဲကမြိုင် သလို စည်သလိုဖြစ်တယ်။ ဒါကြောင့် တစ်ခရိုင်လုံးအတွက် သက်ဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်းအနေနဲ့ ပြန်လည် ထူထောင်ရေး လုပ်ပေးဖို့ လိုပါတယ်”  ဟု ခရိုင် အား^ကာ လက်ထောက် ညွှန်ကြားရေးမှူး ဦးခင်မောင်ဦးက ဆို သည်။
အားကစားနှင့် ကာယပညာ ဦးစီး ဌာန အနေဖြင့် ဘင်ခရာအဖွဲ့များ ကုန်ကျ စရိတ်မတတ်နိုင်ဟု ကော့သောင်းခရိုင် အား^ကာမှ သိရသည်။
” ဘင်ခရာတီးဝိုင်း အဖွဲ့တွေကို မြို့နယ် အုပ်ချုပ်ရေးဘက်က တာဝန်ယူ တည်ထောင်ပေးခဲ့တာဆိုတော့ အခု လည်း ပြန်လုပ်ပေးသင့်တယ်”  ဟု ဘင် ခရာတီးဝိုင်းတွင် ပါဝင်တီးခတ်ခဲ့ဖူး သည့် ဦးနိုင်မင်းသက်က ဆိုသည်။
ယခင်က ကော့သောင်းတွင် ကျင်း ပသည့် အားကစားဖွင့်ပွဲများတွင် ဘင်ခရာတီးဝိုင်း အဖွဲ့အေရိုးဗစ် အက အဖွဲ့များလည်း စည်ကားသိုက်မြိုက်စွာ ပါဝင်လေ့ရှိသည်ဟု ကော့သောင်းမြို့ ဒေသခံများထံမှ သိရသည်။