အရေးပေါ် လူနာတင်ယာဉ်ကို တစ်ရက်လျှင် အနည်းဆုံးတစ်ကြိမ် ယာဉ်တိုက်မှုအတွက် အသုံးပြုရ

0
453

ထားဝယ်ခရိုင်အတွင်း အရေး ပေါ် လူနာတင်ယာဉ်ကို တစ်ရက်လျှင် အနည်း ဆုံးတစ်ကြိမ် ယာဉ်တိုက်မှုအတွက် အသုံးပြုနေရကြောင်း ဇမ္ဗူသီရိ အရေး ပေါ် လူနာကူညီ သယ်ဆောင်ရေးအဖွဲ့ ထံမှ သိရသည်။


အရေးပေါ် လူနာတင်ယာဉ်ကို ယာဉ် တိုက်မှုအတွက် အများဆုံး အသုံးပြုနေ ရပြီး တစ်နေ့ကို အနည်းဆုံး တစ်ကြိမ်နှင့် တစ်ခါတစ်ရံ လေးကြိမ်နှင့်အထက် သွားရောက် ကူညီပေးနေရကြောင်း ဇမ္ဗူသီရိ မွန်မြတ်သော ကုသိုလ်ပြု အရေး ပေါ်လူနာ အခမဲ့ကူညီ သယ်ဆောင်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်မျိုးသွင်က ပြောသည်။
” ယာဉ်တိုက်မှုက အရင်ကတည်း ဖြစ်နေတာပဲ။ လူတွေက သိလာလို့လား မသိဘူး။ ယာဉ်တိုက်မှုဖြစ်ရင် အရေးပေါ် လူနာတင် ကားခေါ်တာ များလာတယ်” ဟု ဦးနိုင်မျိုးသွင်က ပြောသည်။
ဇမ္ဗူသီရိအရေးပေါ် လူနာကူညီ သယ်ဆောင်ရေးအဖွဲ့ကို စတင် တည် ထောင်သည့်အချိန် ၂၀၁၄ ဧပြီလမှ လက်ရှိ အချိန်အထိ ထားဝယ်ဆေးရုံသို့ ပို့ဆောင်ပေးရသည့် လူနာဦးရေ (ယာဉ် တိုက်မှု အပါအဝင်) ၃၀၀ နီးပါးရှိပြီး ထားဝယ်ဆေးရုံမှ  ရန်ကုန်သို့ အရေး ပေါ် ပို့ဆောင်ပေးရသည့် လူနာ ၂၀ ဦး ရှိပြီဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရ သည်။
” အဓိကကတော့ ယာဉ်တိုက် မှုတွေ အများဆုံးပဲ။ တချို့ကတော့ ယာဉ်တိုက်မှု မဟုတ်ဘဲ နေအိမ်ကနေ ဆေးရုံပို့ဖို့ လှမ်း ခေါ်တာရှိတယ်” ဟု ၎င်းက ပြောသည်။ ထားဝယ်တွင် ယာဉ်တိုက်မှု မြင့် တက်နေခြင်းကြောင့် ထားဝယ် မြို့ပေါ် လမ်းဆုံလမ်းခွ သုံးခုတွင် လာမည့် ပွင့် လင်းရာသီမှ စ၍ ညဘက်တွင် အရေးပေါ် လူနာတင်ယာဉ်များ အဆင်သင့်ထား ရှိရန် စီစဉ်လျက်ရှိသည်။