ပရာကျွတ်မြို့ အလည်အပတ်ခရီးစဉ် ထိုင်းခရီးသွား လုပ်ငန်းတစ်ခုမှ စတင် လုပ်ကိုင်

0
507

မြိတ်ခရိုင် တနင်္သာရီမြို့နယ် မော တောင်နယ်စပ်ခန်းနှင့် တဆက်တည်းရှိ ထိုင်းနိုင်ငံ ပရာကျွတ်မြို့သို့ လည်ပတ် သည့် ခရီးစဉ်ကို ထိုင်းခရီးသွား လုပ်ငန်းတစ်ခုက ဩဂုတ်လ ဒုတိယ ပတ်မှစပြီး လုပ်ကိုင်နေပြီဟု မောတောင် ယာဉ်လိုင်းအသိုင်းအဝိုင်းမှ သိရသည်။


ပရာကျွတ်မြို့သို့ သွားလည် လိုပါက ထိုင်းဘက်ရှိ ခရီးသွားလုပ်ငန်း နှင့် ချိတ်ဆက်ပေးပြီး ဝန်ဆောင်မှုပေး သည်ဟု မောတောင်ရှိ ငွေဖြိုးခိုင် ယာဉ်လိုင်း ကားလက်မှတ် အရောင်း တာဝန်ခံတစ်ဦးက ပြောသည်။

ထို့ပြင် နေရပ်သို့ ပတ်စ်ပို့ဖြင့် ခေတ္တပြန်လာကြသည့် မြန်မာ အလုပ် သမားများအနေဖြင့် ထိုင်းနိုင်ငံ မဟာ ချိုင်နှင့် ဘန်ကောက်မြို့များသို့လည်း ပို့ဆောင်ပေးကြောင်း သိရသည်။

”  အခုက မိုးကာလဆိုတော့ နွေရောက်မှဘဲ ထိုင်းခရီးသွားလုပ်ငန်းက မောတောင်မှာ ကားလက်မှတ်တွေ လာရောက် ရောင်းချပေးမှာပါ၊ အခု လက်ရှိ ဒီကချိတ်ဆက်ပေးတဲ့ သဘော လောက်ပဲရှိပါတယ် ” ဟု အထက်ပါ အရောင်းတာဝန်ခံက ပြောသည်။
မြန်မာနိုင်ငံသားများအနေဖြင့် ပရာကျွတ်မြို့သို့ သွားရောက် လည် ပတ်ပါက တစ်ညအိပ် နှစ်ရက်အထိကို ထိုင်းဘက်က ခွင့်ပြုသည်။
ပရာကျွတ်မြို့အတွင်းသို့ သွား ရောက် လည်ပတ်ပါက ခရီးသည် တစ်ဦးကို ထိုင်းဘတ်ငွေ ၂၅၀မှ ၃၀၀ ကြားနှင့် လူ ၁၀ဦး စီးနိုင်သည့် စီးလုံး ငှား မော်တော်ယာဉ်ဖြင့် နေ့ချင်းပြန် ခရီးစဉ်အတွက် ထိုင်းဘတ်ငွေ ၂၅၀၀ ပေးရမည်ဟု သိရသည်။