မြိတ်မြို့နယ် တနင်္သာရီမြစ်ဝမော် ကြီးဒေသ၊ မွှေးရှောင်ရွာတွင် တည် ဆောက်သည့် ၂၆၄၀ မဂ္ဂါဝပ် ကျောက် မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက် ရုံစီမံကိန်း ဧရိယာသို့ ဩဂုတ်လ ၂၆ ရက်နေ့က ထိုင်းနိုင်ငံအခြေစိုက် သတင်းဌာနတချို့ ကွင်းဆင်း သတင်း ယူခဲ့သည်။

ယင်းစီမံကိန်းအပေါ် ဒေသခံများ ၏ သဘောထားအား သိရှိနိုင်ရန် ကွင်းဆင်းပြီးလာရောက် မေးမြန်းခြင်း ဖြစ်ကြောင်း မွှေးရှောင် ရွာသူရွာသား များက ပြောပြသည်။
” ဒေသခံတွေ့ရဲ့ ဆန္ဒက ဘယ်လို ရှိလဲ၊ လက်ခံနိုင်လား လက်မခံနိုင်ဘူး လားနှင့် ဒီဒေသအတွက် ကောင်းကျိုး ဖြစ်လာနိုင်မလား သို့မဟုတ် ဆိုးကျိုး တွေပဲ ရကြမလားဆိုတဲ့ အချက်တွေကို မေးမြန်းသွားခဲ့တယ် ” ဟု မွှေးရှောင် ရွာသား ဦးအောင်ဘိုက ဆိုသည်။
Post Today, Thai PBS အပါအဝင် ထိုင်းမီဒီယာတချို့နှင့် တွေ့ဆုံစဉ် ရွာသားများက ယင်းစီမံ ကိန်းအား ကန့်ကွက်ကြောင်းကို အတိ အလင်းပြောကြပြီး လက်နှစ်ဖက်ကို ကြက်ခြေခတ်ပုံဖော်ပြီး ဆန္ဒထုတ် ဖော် မှုများလည်း ပြုလုပ်ခဲ့သည်ဟု သိရ သည်။
မွှေးရှောင် ကျောက်မီးသွေး ဓာတ် အားပေးစက်ရုံစီမံကိန်းတွင် Ratchaburi Electricity Generating Holding Public Co., Ltd ? Blue Energy & Environment Co; Ltd တို့က အဓိက ရင်းနှီးမြှုပ်နှံပြီး လျှပ်စစ် ဝန်ကြီးဌာန၊ ဗင်းန်တေ့ခ်ျကုမ္ပဏီနှင့် ကျော်ကျော်ဖြိုး ကုမ္ပဏီတို့လည်း ပါဝင်မည် ဖြစ်သည်။
ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၅ ဒသမ ၄ ဘီလီယံရှိပြီး လက်ရှိ အချိန်အထိ ရေအရင်းအမြစ် တိုင်းတာ ခြင်းနှင့် စီမံကိန်းမြေနေရာ တိုင်းတာ ခြင်းတို့ကို သုံးကြိမ် ပြုလုပ်ပြီးဖြစ်သည် ဟု သိရသည်။