မြိတ်ဒေသခံများ ရိုက်ကူးသည့် မြားသုံးစင်းရဲ့ ဒိုင်ယာရီ ဗွီဒီယိုပရိသတ် စိတ်ဝင်စားမှုနည်း

0
634

မြိတ်ဒေသခံအနုပညာရှင်များ ပါဝင်ရိုက်ကူးထားသည့် ” မြားသုံး စင်းရဲ့ ဒိုင်ယာရီ ” ဗွီဒီယိုဇာတ်ကားကို ဩဂုတ် ၂၁ ရက်နေ့က မြိတ် မင်္ဂလာ ၃ ရုပ်ရှင်ရုံတွင်ပြသခဲ့ရာပရိသတ်အများစု စိတ်မဝင်စားကြဟု သိရသည်။

” မြားသုံး စင်းရဲ့ ဒိုင်ယာရီ ” ဇာတ်ကားကို ၂၀၁၂ ခုနှစ်မှစပြီး စတင် ရိုက်ကူးခဲ့ပြီး ထားဝယ်၊ မြိတ်နှင့်ကော့သောင်းမြို့နယ်များရှိ အထင်ကရဘုရားစေတီများ၊ ဒေသ ရှုခင်းများ မြိတ်ခရိုင်အတွင်းရှိကျွန်းများနှင့်ပင်လယ်ပျော်ဆလုံလူမျိုး နေထိုင်ရာဒေသများတွင်ပုံဖော် ရိုက်ကူးထား သည်ဟု ယင်းဇာတ်ကားကို ရိုက်ကူး သည့် ဒါရိုက်တာ ဦးဇော်ဝင့်က ရှင်းပြသည်။ယင်းဇာတ်ကားတွင်မြိတ်တက္ကသိုလ် ကျောင်းသူကျောင်းသားများနှင့် မြို့ခံအနုပညာ ဝါသနာရှင် တချို့ ပါဝင်သရုပ်ဆောင်ထားကြောင်း သိရသည်။

” အားနည်းချက်တွေအများကြီး ရှိနေပါတယ်၊ ရိုက်ကူးမှုတွေ၊ နောက်ခံအသံအထားအသိုတွေကအစ သရုပ်ဆောင်တွေပါ အများကြီး ကြိုးစားဖို့လိုနေပါတယ်” ဟု ကိုယ်တိုင်သွား ကြည့်ခဲ့သူမြိတ်မြို့ခံ ကိုဇော်မင်းကထောက်ပြသည်။

ဇာတ်လမ်းဇာတ်ကွက်များ ဆက်စပ်မှုအားနည်းပြီး ပြတ်သား သည့်တင်ဆက်မှုမရှိဟု ခဏသာကြည့်ပြီး ပြန်ထွက်လာခဲ့သည့် မမေဇင်ဦးက ပြောသည်။
” ဒီဇာတ်ကားကိုပရိသတ်တွေက စိတ်ဝင်စားမှု နည်းရင် နည်းပါး ပါလိမ့်မယ်၊ ဒါပေမယ့်ရည်ရွယ်ချက်က ဒီဒေသမှာရှိတဲ့လူငယ်တွေ ကိုအနုပညာစိတ်ဓာတ်လေးတွေရှိလာအောင်လို့မြှင့်တင်ပေးတဲ့သ ဘောပါ။ နောက်တစ်ချက်ကအခုလို ရုံတင်ပြသရတာက မြိတ်စာရေး ဆရာအသင်းအတွက်ရန်ပုံငွေရှာပေးတဲ့သဘောပါ” ဟု ၎င်းက ဆက်လက်ရှင်းပြသည်။

ကနဦးကတစ်ပတ်ခန့် ရုံတင်ရန် လျာထားသော်လည်း ပရိသတ် စိတ်ဝင် စားမှုနည်းသည့်အတွက် ၂ ရက်သာပြသခဲ့သည်ဟု မြိတ် မင်္ဂလာ ရုပ်ရှင်ရုံ မန်နေဂျာကပြောသည်။

အဆိုပါဗီဒီယိုဇာတ်ကားကိုစံပယ်ဦးဗီဒီယိုမှထုတ်လုပ်ပြီး၊ ရွှေပြည်သိန်း ဗီဒီယိုမှဖြန့်ချိကာ၊ ဝတ္ထု၊ ဇာတ်ညွန်းကိုဇေယျာစန်း (ရွှေမြိတ်)မှ ရေးသားသည်။
ဒါရိုက်တာ ကိုဇော်ဝင့် (မော်လမြိုင်)မှ ရိုက်ကူးထားသည့် ယင်း ဇာတ်ကားတွင် ဝါကိုကို၊ ကောင်းထက်၊ နန်းယုခိုင်၊ ချောချော နှင့်စိုးယုလွင်တို့ ပါဝင်သရုပ်ဆောင်ကြောင်း သိရသည်။