ရေးမြို့ဟောင်းသမိုင်း သုတေသန စာတမ်းဖတ်ပွဲကျင်းပ

0
609

ရေးမြို့ဟောင်းသမိုင်း စာတမ်း ဖတ်ပွဲကို ရေးမြို့ရှိ မွန်ဓမ္မာရုံတွင် ဩဂုတ် လ ၂၃ ရက်နေ့က ကျင်းပခဲ့ကြောင်း သိရ သည်။
ယင်းစာတမ်းဖတ်ပွဲတွင် ရေးမြို့ ဟောင်းနှင့် သက်ဆိုင် သည့်စာတမ်း များ အပါအဝင် သဘာဝပတ်ဝန်းကျင်နှင့် ယဉ်ကျေးမှုဆိုင်ရာ စာတမ်း စုစုပေါင်း ၁၀ ခု ဖတ်ကြားခဲ့သည်ဟု စာတမ်းဖတ်ပွဲ ကျင်းပရေးကော်မတီထံမှ သိရသည်။


စာတမ်းများကို မော်လမြိုင် တက္ကသိုလ်မှ သုတေသန စာတမ်းရှင် များအပြင် ပုသိမ်တက္ကသိုလ်နှင့်  ရန်ကုန် အရှေ့ပိုင်း တက္ကသိုလ်တို့မှ ပါမောက္ခနှင့် ကထိက စာတမ်းရှင်များလည်း ပါဝင်ခဲ့ ကြောင်း သိရသည်။
research-paper-reading-ye မော်လမြိုင်တက္ကသိုလ်မှ ဦးဆောင် ပြီး စာတမ်းပညာရှင်တို့က ၂၀၁၄ ခုနှစ် ဒီဇင်ဘာလခန့်မှ ၂၀၁၅ ခုနှစ် ဖေဖော်ဝါ ရီလခန့်ထိ ရေးမြို့ဟောင်း သမိုင်းကြောင်း နှင့် ပတ်သက်ပြီး ရေးမြို့နှင့် အနီးနား တစ်ဝိုက်တွင် သုတေသနပြုလေ့လာမှု များ ပြုလုပ်ခဲ့ကြောင်း မော်လမြိုင် တက္ကသိုလ် အငြိမ်းစားပါမောက္ခ ဒေါက်တာ ဒေါ်ကြင်စွမ်က ပြောသည်။
ယင်းစာတမ်းဖတ်ပွဲကို မွန်ပြည် နယ် အစိုးရအဖွဲ့ ဝင်ဝန်ကြီး များဖြစ် ကြသည့် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဒေါက်တာမင်းနွယ်စိုး၊ လျှပ်စစ်ဝန်ကြီး နိုင်လဝီအောင်တို့ သက်ဆိုင်ရာ ဒေသခံ လွှတ်တော်ကိုယ်စားများ၊ ပညာရှင်များ စုစုပေါင်းလူအင်အား ၃၀၀ ကျော် တက်ရောက်ခဲ့သည်ဟု ပွဲဖြစ်မြောက် ရေးကော်မတီထံမှ သိရသည်။