KNU တပ်ဖွဲ့ဝင် တစ်ဦးမောင်းနှင် သည့် ကား မှောက်

0
541

သရက်ချောင်းမြို့နယ်၊ ကတွဲ ကျေးရွာတွင် KNU တပ်ဖွဲ့ဝင်တစ်ဦး မောင်းနှင်သည့် ကားငယ်တစ်စီး ဩဂုတ်လ ၂၅ ရက်နေ့ညက တိမ်း မှောက်ခဲ့ကြောင်း ထားဝယ်ခရိုင် ရဲတပ်ဖွဲ့ထံမှ သိရသည်။


ထားဝယ်ဘက်မှ ကတွဲကျေးရွာ ဘက်သို့ တပ်မဟာ ၄ ကရင် အမျိုး သားအစည်းအရုံး (KNU)၊ ကရင် အမျိုးသားရဲတပ်ဖွဲ့မှ တပ်သား တစ်ဦး မောင်းနှင်သည့်  Toyota Hilux Vigo ယာဉ်သည် သိမ်ကုန်းကျေးရွာ အနီး အရောက်တွင် ယာဉ်နောက်ဘီးပေါက်၍ ဘရိတ်အုပ်လိုက်ရာက ကားတစ်ပတ် လည်ကာ တိမ်းမှောက်ခဲ့ခြင်း ဖြစ် ကြောင်း အထက်ပါရဲတပ်ဖွဲ့၏ မှုခင်း မှတ်တမ်းအရ သိရသည်။
ကားမှောက်မှုကြောင့် ယာဉ်ပေါ် တွင် လိုက်ပါလာသူ သုံးဦး အနက် အသက် ၄၀ နှစ်အရွယ် အမျိုးသမီးတစ်ဦး ယာဘက်နဖူးတွင် ပေါက်ပြဲဒဏ်ရာ တစ်ချက်ရရှိခဲ့သည်ဟု ယင်းမှတ်တမ်း တွင်ဖော်ပြသည်။
ယာဉ်တိမ်းမှောက်မှုတွင် ယာဉ် မောင်းကို ယာဉ်မဆင်မခြင် မောင်းနှင် မှုဖြင့် ဝင်းဝနယ်မြေရဲစခန်းက (ပ) ၁၃ / ၂၀၁၅၊ ပုဒ်မ ၃၃၇ ^ ၃၃၈ဖြင့် အမှု ဖွင့်ထားကြောင်း အထက်ပါ ရဲတပ်ဖွဲ့ ထံမှ သိရသည်။