မွန်တွင် အမျိုးသား တိုးတက်ရေးပါတီ ကိုယ်စားလှယ် ၁၇ ဦးတွင် အမျိုးသမီး ၃ ဦးပါ

0
592

မွန်တွင် အမျိုးသား တိုးတက်ရေး ပါတီမှ ဝင်ပြိုင်မည့် ကိုယ်စားလှယ် လောင်း ၁၇ ဦးအနက် အမျိုးသမီး ၃ ဦး ပါဝင်ကြောင်း ယင်းပါတီ ဥက္ကဋ္ဌ ဦးစိုးပိုင်က ပြောသည်။

မော်လမြိုင်ခရိုင်တွင် ပြည်သူ့ လွှတ်တော် ၂ နေရာ၊ အမျိုးသား လွှတ်တော် ၂ နေရာနှင့် ပြည်နယ် လွှတ်တော် ၂ နေရာ၊ သထုံခရိုင်တွင် ပြည်သူ့လွှတ်တော် ၃ နေရာ၊ အမျိုးသားလွှတ်တော် ၄ နေရာနှင့် ပြည်နယ်လွှတ်တော် ၄ နေရာတို့တွင် ဝင်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

အမျိုးသားတိုးတက်ရေးပါတီသည် သမ္မတဦးသိန်းစိန် အစိုးရအဖွဲ့၏ နိုင်ငံ ရေး အကြံပေးအဖွဲ့ဝင်ဟောင်း ဦးနေဇင် လတ် ဦးဆောင် ဖွဲ့စည်းထားသည့် ပါတီ ဖြစ်ပြီး လက်ရှိတွင် မော်လမြိုင်မြို့အပါ အဝင် ရွေးကောက်ပွဲဝင်မည့် မြို့နယ်တို့ တွင် ပါတီရုံး ဖွင့်လှစ်လျက်ရှိသည်။

အမျိုးသားတိုးတက်ရေးပါတီသည် တနိုင်ငံလုံး အတိုင်းအတာဖြင့် ကိုယ် စားလှယ်လောင်း ၃၅၆ နေရာ ရွေး ကောက် ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ် သည်။