ဒေသခံလူထု သဘောထားကို မျက်ကွယ်ပြုပြီး အံဒင်ကျောက်မီးသွေးစက်ရုံ ရှေ့ဆက်လုပ်ဆောင်နေ

0
625

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အံဒင် ကျေးရွာအနီးတွင် တည်ဆောက်မည့် ကျောက်မီးသွေးသုံး လျှပ်စစ် ဓာတ်အား ပေးစက်ရုံ စီမံကိန်းကို ဒေသခံ လူထု တို့က နိုင်ငံတော် သမ္မတအပါအဝင် သက်ဆိုင်ရာသို့ အကြိမ်ကြိမ် ကန့်ကွက် စာပေးပို့နေသော်လည်း စီမံကိန်းကို ဆက်လက် အကောင် အထည်ဖော် နေကြောင်း ဒေသခံများက ပြောသည်။


ယင်းသို့ စီမံကိန်း ရပ်တန့်ပေးရန် တစ်စုံတရာ တုန့်ပြန်ပေးလာခြင်း မရှိ သည့်အပြင် ဆက်လက် အကောင် အထည်ဖော် နေသည့်အတွက် မြန်မာ နိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်  MIC ထံ ဩဂုတ်လ ၂၄ ရက်နေ့က ကန့် ကွက်စာ ထပ်ပို့ထားသည်ဟု ကန့် ကွက်စာ သွားပို့ခဲ့သည့် အံဒင်ကျေးရွာ ဘုန်းတော် ကြီးကျောင်းမှ ဦးပဉ္စင်း ဦးဝိသာရဒက မိန့်သည်။
” ပညာရှင်တွေ ဒီလောက် ကန့်ကွက် နေတဲ့ ဒီစီမံကိန်းကို ကျနော်တို့လဲ လက်မခံနိုင်ဘူး၊ ဖြစ်တဲ့နည်းနဲ့ ကန့် ကွက်သွားရမှာပဲ ” ဟု အံဒင်ကျေးရွာခံ တစ်ဦးက ပြောသည်။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု တစ်ခု အား ခွင့်ပြုချက် ပေးမပေးကို မြန်မာ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ စဉ်းစား ချင့်ချိန်ပြီး ဆုံးဖြတ်ချက် ပေးရသည့် အတွက် ယင်းတို့ တင်ပြခြင်းဖြစ်ကြောင်း ကန့်ကွက်စာ တင်ပြခဲ့သူ မွန်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်နိုင် ဦးက ပြောသည်။
ဒေသခံများ ကန့်ကွက်နေ သည့် ကြားမှာပင် စီမံကိန်း အကောင် အထည် ဖော်ရန် ၂၀၁၅ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့က ပြည်ထောင်စု အဆင့် အစိုးရနှင့် ကုမ္ပဏီအကြားြဥဗ ရေး ထိုးခဲ့သည်။
ထိုကြောင့် မေလ ၅ ရက်နေ့ ဒေသခံ ၆၀၀၀ ခန့်တို့က ကျောက်မီး သွေးသုံးဓာတ်အားပေး စက်ရုံစီမံကိန်း ရုတ်သိမ်းပေးရန် ကန့်ကွက် ဆန္ဒပြခဲ့ကြ သည်။
သဘောတူ လက်မှတ်ရေးထိုး ရာတွင် စီမံကိန်းကို ၂၀၁၆ ခုနှစ်တွင် စတင် အကောင်အထည် ဖော်သွား မည်ဖြစ်ပြီး တည်ဆောက်မှု ကာလကို ၄ နှစ်မှ ၆နှစ်အတွင်း အပြီး တည် ဆောက်သွားရန် သဘောတူထားကြ သည်။
၁၂၈၀ မဂ္ဂါဝပ် ထုတ်လုပ်မည့် ယင်း စက်ရုံစီမံကိန်းကို အမေရိကန် ဒေါ်လာ သန်း ၂၈၀၀ ရင်းနှီးမြှုပ်နှံ မည်ဖြစ်ပြီး စီမံကိန်း ကာလ နှစ် ၃၀ ဖြစ်ကြောင်း သိရသည်။