ကော့သောင်း စုပေါင်းရုံးတွင် ငွေတောင်းက တိုင်ကြားနိုင်ဟုဆို

0
416

ကော့သောင်းမြို့တွင် ဩဂုတ်လ ၂၅ရက်နေ့က လုပ်ငန်း စတင် လည် ပတ်သည့် စုပေါင်းရုံးတွင် ပြည်သူများ ထံတွင် ပိုက်ဆံတောင်းပါက တိုင်ကြား နိုင်ကြောင် ယင်းရုံးကြီးကြပ်သူအရာရှိ ခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးအရာ ရှိ ဦးမင်းသိန်း က ဆိုသည်။


ယင်းစုပေါင်းရုံးတွင် မြေဂရမ် အငှားထုတ်ပေးခြင်း၊ လုပ်ငန်း လိုင်စင် ထုတ်ပေးခြင်း၊ ဓာတ်သတ္ထုလိုင်စင် ထုတ်ပေးခြင်း၊ အသင်းအဖွဲ့ မှတ်ပုံတင် ပြုလုပ်ပေးခြင်း စသည်တို့ကို အဆိုပါ စုပေါင်းရုံးတွင် ပြုလုပ်နိုင်ပြီဟု ဦးမင်း သိန်းက ပြောသည်။
” ပြည်သူတွေအပေါ် ဆက်ဆံရေး မပြေလည်တာ၊ ငွေတောင်းတာတွေမျိုး လုပ်မယ်ဆိုရင် ကြီးကြပ်ရေး အဖွဲ့ကို ဖြစ်ဖြစ်၊ ဌာနဆိုင်ရာ အထက်လူကြီး များကိုဖြစ်ဖြစ် တိုင်ကြားနိုင်ပါတယ် ” ဟု ၎င်းက ဆိုသည်။
ယင်းစုပေါင်းရုံးကို မြို့နယ်အဆင့် ဌာန ၁၀ ဖြစ်သည့် ရဲတပ်ဖွဲ့၊ မီးသတ်၊ ကျန်းမာရေးဦးစီးဌာန၊ ငါးလုပ်ငန်း၊ လျှပ်စစ်၊ ပြည်တွင်းအခွန်၊ စည်ပင် သာယာရေး၊ မြေစာရင်း၊ လ.၀.က စသည့် ဌာနများဖြင့် ဖွဲ့စည်းထားသည် ဟု သိရသည်။