ပွင့်လင်းရာသီတွင် ကျွန်းစုမြို့နယ်ရှိ ကျွန်းများသို့ နိုင်ငံခြားခရီးသွားများ လည်ပတ်နိုင်မည်

0
547

နိုင်ငံခြားခရီးသွားများ မြိတ်ခရိုင် ကျွန်းစုမြို့နယ်အတွင်းရှိ ကျွန်းတချို့သို့ သွားရောက် လည်ပတ်ခွင့်ကို လာမည့် ပွင့်လင်းရာသီတွင် စတင် ခွင့်ပြုပေး သွားမည်ဖြစ်ကြောင်း မြိတ်မြို့နယ် ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာ ဝန်ရှိသူတစ်ဦးထံမှ သိရသည်။


နိုင်ငံခြားသားများအတွက် နေ့ ချင်းပြန် သွားလာ လည်ပတ်ရန် ခွင့်ပြု ပေးထားသည့် ကျွန်းများမှာ ဒုံးရေခွန်၊ ဒုံးညောင်မိုင်း၊ ဒဟွန်းရေတံခွန်၊ ရေပြည့်အော်ကျွန်းနှင့် လိပ်ဥတောင် ကျွန်းတို့ ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဦးစီးဌာနမှ သိရသည်။
” အခုလိုမျိုး ဖြေလျော့ပေးလိုက်တဲ့ အတွက် လာမယ့် ပွင့်လင်းရာသီမှာ ခရီးသွားလုပ်ငန်းတွေ တော်တော်လေး အလုပ်ဖြစ်လာပါမယ်” ဟု မြိတ်အခြေ စိုက် ခရီးသွားလုပ်ငန်း တစ်ခုဖြစ်သည့် Mergui Sakura Travels & Tours Co.Ltd မှ တာဝန်ရှိသူတစ်ဦးက မှတ် ချက်ပြုသည်။
လက်ရှိတွင် မြိတ်မြို့သို့ လာ ရောက်လည်ပတ်ကြသည့် နိုင်ငံခြားသား အများစုမှာ ကျွန်းများသို့ နေ့ချင်းပြန်နှင့် ညအိပ်ခရီး သွားရောက် လည်ပတ်နိုင်ရန် အတွက် နေပြည်တော်ရှိ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဦးစီးဌာန၏ ခွင့်ပြု ချက်ရရှိမှသာ သွားလာခွင့်ရရှိခဲ့ ကြောင်း မြိတ်အခြေစိုက် ခရီးသွားလုပ် ငန်း အသိုင်းအဝိုင်းမှ သိရသည်။
ယင်းသို့ နေပြည်တော်မှ ခွင့်ပြု ချက်ရရှိရန် အချိန် ၁၅ ရက်မှ ရက် ပေါင်း ၂၀ အထိ စောင့်ဆိုင်းနေရသဖြင့် နိုင်ငံခြားသား ခရီးသွားများမှာ အချိန် မပေးနိုင်၍ မြို့ပေါ်တွင်သာ လည်ပတ် ပြီး ပြန်သွားကြလေ့ရှိကြောင်း သိရသည်။
လက်ရှိအစီအစဉ်အရ ခွင့်ပြုထား သည့် ကျွန်းများသို့ သွားရောက် လည် ပတ်သည့်အခါ သက်ဆိုင်ရာသို့ အကြောင်းကြားရန်သာ လိုအပ်သည်ဟု အထက်ပါဌာနမှ သိရသည်။
မြိတ်တွင် ဒေသအခြေစိုက် ပုဂ္ဂလိ က ခရီးသွားဝန်ဆောင်မှုလုပ်ငန်း ၅ ခုရှိပြီး ဟိုတယ် ၈ လုံးရှိတွင် အခန်း ပေါင်း ၃၈၈ ခန်းရှိကာ စုစုပေါင်း လူဦးရေ ၈၃၀ ဦး တစ်ပြိုင်နက်တည်း တည်းခိုနိုင်မည်ဟု ဟိုတယ်နှင့် ခရီး သွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာနမှ သိရသည်။