ထားဝယ်တယ်လီနော ဖျော်ဖြေ ပွဲက အလှူငွေ သိန်း ၁၀၀ ကျော်ရ

0
504

ထားဝယ်မြို့တွင် ပြုလုပ်သည့် တယ်လီနော၏  Blue Wave အစီ အစဉ် နှင့် ရေဘေးသင့်ပြည်သူများလှူဒါန်း ရန် ရန်ပုံငွေဖျော်ဖြေပွဲတွင် အလှူငွေ စုစုပေါင်း ကျပ်သိန်းတစ်ရာကျော်ရရှိ ခဲ့ကြောင်း Telenor Myanmar ၏ ဖေ့ဘုတ် စာမျက်နှာမှ ထုတ်ပြန်သည်။

telenor-myanmar-donation-show
ထားဝယ်မြို့၊ ရွှေဝယ်သီရိ အား ကစားကွင်းတွင် ပြုလုပ်ခဲ့သည့် ဖျော် ဖြေပွဲတွင် စုစုပေါင်း ကျပ်သိန်း ၁၀၀ ကျော်နှင့် ထိုင်းဘတ်ငွေ ၁၇၀ ကို လက်ခံရရှိခဲ့ပြီး တယ်လီနောက လက်ခံ ရရှိငွေ၏ ပမာဏနှင့် ဆတူ ဖြည့်စွက် လှူဒါန်းမည်ဖြစ်သည့်အတွက်  စုစုပေါင်း အလှူငွေ သိန်း ၂၀၀ ကျော် ကိုNetworks Activities Group (NAG) မှတဆင့် ရေဘေးသင့် ဒေသ များသို့ လှူဒါန်းမည်ဖြစ်ကြောင်း အထက် ပါ ထုတ်ပြန်ချက်အရ သိရသည်။
တယ်လီနောမြန်မာ၏ ဂီတဖျော် ဖြေပွဲတွင် တေးသံရှင် အာဇာနည်၊ ဖြူဖြူကျော်သိန်းနှင့် အိုင်ရင်းဇင်မာမြင့် တို့က လာရောက် ဖျော်ဖြေခဲ့ကြသည်။