သတိ နဲ့ ကြိုပါ မင်းခန့်

0
503

မြန်မာပြည်တွင် ဟိုးလေးတစ်ကျော် ဖြစ်ရပ်များ ဆက်တိုက် ဖြစ်ပွားနေပါ သည်။
ဩဂုတ်လ ၁၈ ရက်တွင် ပြန်လည် စတင်သော ပြည်ထောင်စု လွှတ်တော် တွင် ရေဘေးကို သွားကူကြရန် အကြောင်း ပြကာ လွှတ်တော်ရပ်နားဖို့ အဆိုတင်ပါ သတဲ့..။ လွှတ်တော် ရပ်နားထားစဉ်က ၎င်းလွှတ်တော်ကိုယ်စားလှယ်တော်ကြီး များ ရေဘေးသင့်အရပ်တွင် မည်ရွေ့ မည်မျှ ကူညီခဲ့ကြသနည်း..။


ဩဂုတ်လ မဝင်မီက စခဲ့သော မြန်မာ ပြည်၏ အချိန်ရှည်ကြာဆုံး သမိုင်းတွင် သည့် ရေဘေးကြုံနေချိန်..၊ တာဝန်ရှိ သူတို့ ထိရောက်သော ထောက်ပံ့မှု မပြု နိုင်သဖြင့် ပြည်သူအပေါင်းက ]]ပြည်သူ့ ထံမှ ပြည်သူ့ထံသို့}} ဟူသော ဆောင်ပုဒ် ကို စွဲကိုင်ကာ အချင်းချင်း ရိုင်းပင်းနေ ရချိန်..၊ထိုအချိန်နှင့် တစ်ပြိုင်တည်း..၊ ဩ ဂုတ်လ ၁၂ နေ့လယ်တွင် ကြံ့ခိုင်ရေး ပါတီ နေပြည်တော်ဌာနချုပ်၌ တွေ့ဆုံပွဲ တစ်ခု ကျင်းပပါသည်။ စစ်တပ်အရာရှိ ကြီးများဘ၀မှ လူဝတ်လဲလာကြသော ပါတီဝင် အသစ်များအား ကြိုဆိုမိတ် ဆက်ပွဲဟု ဆို၏။ ထိုပွဲတွင် ပါတီဝင် အဟောင်းကြီးများက စစ်အရာရှိဟောင်း ကြီးများအား မည်သို့ ကြိုဆိုလိုက်ကြ သည် မသိ။

min-khaint-shwe-man
၎င်းအာဏာရပါတီ ဌာနချုပ်အား ရဲတစ်ထပ် စစ်တပ်တစ်ထပ် အဝိုင်းခံ လိုက်ရ၏။ အဝိုင်းခံရသူတို့ မည်သို့ ရှိသည် မဆိုတတ်။
ဒီမိုကရက်တို့ကား ထိုသတင်း ကြောင့် မျက်ခုံးလှုပ်ကြ၏။ နိုင်ငံရေးတက် ကြွလှုပ်ရှားသူတချို့က လက်စ လက်န များ အမြန်သိမ်းဆည်းကြ၏။ ” ရရင်ရ၊ မရရင်ချ” ဆိုသူ တချို့က အထုပ်ပြင်ကြ ၏။ ခါတော်မီ နိုင်ငံရေး သမားတချို့ကား (ထုံးစံအတိုင်း) ရူးချင်ယောင်ဆောင်နိုင် ရန် စိုင်းပြင်းကြကုန်၏။
ထိုသူတို့၏ သုံးသပ်ချက်မှာ ရိုးရှင်း လှပါသည်။
တပ်မတော်မှ သန္ဓေတည်လာသော ကြံ့ခိုင်ရေးပါတီကိုပင် စစ်တပ်၊ အချိန်မရွေး ဖမ်းဆီးချုပ်နှောင်ခွင့်ရ လက်နက်ကိုင်အဖွဲ့များက ဝိုင်းရံပိတ်ဆို့ ခံရပြီး မခန့်မှန်းနိုင်သော ကိစ္စရပ်များ ပေါ်ပေါက်လာလျှင်..၊ နဂိုကမှ အုပ်ချုပ် သူတို့၏ မျက်စိစပါးမွေး အစူးခံနေရ သူတို့သည် တိုင်းပြည် ချောက်ထဲကျရန် လက်နှစ်လုံး မလိုမီ ခြေတစ်လှမ်း ဦးကြ ရမည် ဟူ၏။
သို့သော်..၊ ထိုပါတီဌာနချုပ် အဝိုင်း ခံရမှုမှာ (အတည်မပြုနိုင်သော်  လည်း ဖြစ်နိုင်ချေအရှိဆုံးသော သတင်း များအရ စာဖတ်နေသူကြီး ကိုယ်တိုင် ဝင်ရောက် ဖြန်ဖြေခဲ့အပြီးတွင်) ပါတီဝင် အဟောင်း အသစ်တို့ မှဲ့တစ်ပေါက်မျှ မစွန်းဘဲ ပြီး ဆုံးသွားခဲ့သည်။ ရဲနှင့် စစ်တပ်ဝိုင်းရံ ပိတ်ဆို့ခံရသူတို့ သမိုင်းတွင် ရှားရှား ပါးပါး ကံကောင်းကြသူများအဖြစ် မှတ် ယူနိုင်ပါ၏။
ထိုအဖြစ်အပျက်အပေါ် စောင့်ကြည့် နေကြသူများထံမှ တစ်ထပ်တည်းကျသော အသံတစ်ခု ပေါ်ထွက်ခဲ့ပါသည်။
မြန်မာ့နိုင်ငံရေး၏ ရှေ့အလား အလာ မကောင်းလှ.။
ဩဂုတ် ၁၃ ရက်နေ့တွင် ထိုပါတီ ၏ ခေါင်းဆောင်ပိုင်း အပြောင်းအလဲ တချို့ ကြေညာပါသည်။ ပါတီ၏ အမြင့် မားဆုံး တာဝန်ထမ်းဆောင်နေသော ဦးရွှေမန်းအပါအဝင် ၎င်း၏ဘက်တော် သားများဟု ယူဆရသူများ သာမန် ပါတီ ဝင်အဆင့်သို့ လျှောကျသွား၏။
ထိုထိုင်ခုံ လွှဲပြောင်းပွဲကြီးသည် အစစ်အမှန်မှ ဟုတ်ပါလေစ..။
လာမည့် ရွေးကောက်ပွဲမှ ထွက်ပေါ် လာနိုင်သည့် ရလဒ်ဆိုးကြီးကို ကြိုတင် တွက်ဆ တွေးကြောက်ကြသူ များက အကွက်ရွှေ့ ကစားကြလေသလား..။
ပြည်ခိုင်ဖြိုးပါတီ၏ မဟာဗျူဟာကို အကောင်အထည်ဖော်သည့် နည်းဗျူဟာ တစ်ရပ်အဖြစ်.၊ အတိုက်အခံထဲတွင် အင်အား အကြီးမားဆုံးဖြစ်သည့် အမျိုး သား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပုဂ္ဂိုလ်ရေး ရင်းနှီးမှု အရှိဆုံးဖြစ်ပြီး..၊ အသွင်ကူး ပြောင်းရေးတွင်လည်း နာမည်ကောင်းရ နေသူ  သူရဦးရွှေမန်းနှင့် အပေါင်းအပါ များကို ဒီမိုကရက်တစ်များ၏ ယုံကြည်မှု ပိုရစေရန် လှည့်ကွက်တစ်ခု ဖန်တီးခဲ့လေ သလော..။
ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ခွင့် မရအောင်ဖန်တီး ဆုပ်ကိုင် ထားနိုင်ဆဲ အနေအထားတွင် ဒီမိုကရက် များကြား ၎င်း၏အမည် ရေပန်းစားလာ လိမ့်မည်ဟု တွက်ဆကာ ..၊ ဦးရွှေမန်း ကိုယ်တိုင်က တရုတ်ပစ်တိုင်းထောင် နိုင်ငံရေးသမားကြီး တိန့်ရှောင်ဖိန် အသွင်ဆောင် ဇာတ်ကွက်တစ်ခုခင်း က သမှု ပြုခဲ့လေသလော..။
ထိုသို့ လှည့်ကွက်တစ်ခုဆိုလျှင်..၊ ယင်းအတွက် သူရဦးရွှေမန်း ပေးဆပ် လိုက်ရသော၊ ပေးဆပ်နေရဆဲသော အရင်းအနှီးက ကြီးမားလွန်းနေသည်။
ဦးရွှေမန်း၏ မိသားစုနှင့်တကွ ၎င်း နှင့်ပတ်သက်ဆက်နွယ်သော စီးပွားရေး လုပ်ငန်းများအား လက်ရှိအစိုးရမှ အခု တလော ကိုင်တွယ်ပုံများမှာ ကျောချမ်း စရာ..။
ဂုဏ်သိက္ခာပိုင်း ကျဆင်းမှုအဖြစ် မဲဆန္ဒရှင်များ၏ ကိုယ်စားလှယ် ရုပ် သိမ်းရေး လက်မှတ်စုဆောင်း တင်ပြခံရ သည့်အပြင် ဗဟိုကော်မရှင်မှလည်း ကိုယ်စားလှယ် ရုပ်သိမ်းရေးဥပဒေကို အမြန်ဆုံးပြဋ္ဌာန်းပေးရန် ဖိအားပေးခံနေ ရသည်အထိ။
ဩဂုတ် ၁၈ ရက်နေ့ ပြည်ထောင်စု လွှတ်တော်တွင် ပါတီမှသူ့ထံ လိပ်မူ ပေးပို့လာသည်ဆိုသော စာအား ၎င်း ကိုယ်တိုင် ဖတ်ပြခဲ့၏။ ထိုစာအရဆိုလျှင် ပါတီတွင်း၌ ၎င်းတစ်ဦးတည်း၏ ဆန္ဒ အရသာ ဆုံးဖြတ်နေကြောင်း၊ ပါတီ ရန်ပုံငွေကို ပွင့်လင်းမြင်သာမှု မရှိဘဲ သုံးစွဲနေကြောင်း၊ လွှတ်တော် ကိုယ်စား လှယ်တာဝန်မှ ရုပ်သိမ်းပေးရန် တောင်း ဆိုခံရသဖြင့် ပါတီ၏ ဂုဏ်သိက္ခာ ထိခိုက်ကြောင်း ရှက်ဖွယ် စကားရပ်များ သုံးစွဲ ယိုးစွပ်ခံထားရ၏။
ယင်းသို့.. ပါတီခေါင်းဆောင်နေရာ မှ ဖယ်ရှားခံရသည့်အပြင် လွှတ်တော် ဥက္ကဌနှင့် နာယက ထိုင်ခုံများပါ အလှုပ်ခံ နေရသော အနေအထားမှာ (လူတစ် ယောက်၏ နိုင်ငံရေး ဂုဏ်သိက္ခာအရ) ဇာတ်တိုက်ထားသော ပြကွက်များ ဖြစ် နိုင်ချေ နည်းလှ၏။
သို့ဆိုလျှင် ၎င်း၏ ဖေ့စ်ဘုတ်ပေါ် ရေးသားချက်များအတိုင်း..၊ တိုင်းပြည် အပေါ် အမှန်ပင် စေတနာထားကာ မည်ကာမတ္တ လွှတ်တော်အဖြစ်မှ နိုင်ငံ၏ ဝိညာဉ်၊ အသက်သွေးကြော၊ ” လွှတ်တော် မရှိ၊ ဒီမိုကရေစီ မရှိ၊ လွှတ်တော်ရှိမှ ဒီမိုကရေစီရှိသည်” ဟူသော ခံယူချက်ဖြစ် လုပ်ဆောင်ရင်း အမာဂိုဏ်းသားများ၏ ဖြုတ်ထုတ်သတ် ပြုလုပ်ခြင်းခံလိုက်ရ လေသလော..။
အကယ်၍ ယင်းသို့ ဖြစ်လာ ခဲ့လျှင်..၊
အာဏာရှင် လွှမ်းမိုးမှုမှ ရုန်းထွက် ကာ တိုင်းပြည် အချိုးအကွေ့ အရွေ့ အပြောင်းကို လိုလားသူအဖြစ် ဒီမိုက ရက်တစ်တို့က ကြိုဆို ကြရပါလိမ့်မည်။ ပြည်သူအပေါင်းကလည်း အမှောင် တိုက်မှ တိုးထွက်လာသော အလင်းတစ်စ အဖြင့် ပျူငှာကြရန် အသင့်။
မြန်မာပြည်၏ နိုင်ငံရေး အခင်း အကျင်းအရ ယင်းသို့သော အလင်းတံခါး များ အများအပြား ပွင့်လာရန် လိုအပ် နေပါသည်။ ပွင့်ထွက်လာသော အလင်း တံခါးများကို အမိအရ ဖမ်းဆုပ်ကာ အလင်းရောင်များ စုစည်းရန်မှာ ဒီမို ကရက်တစ်တို့၏ တာဝန်ဖြစ်ပါ၏။ ယင်းအတွက် အလိုအပ်ဆုံးသော အရည် အချင်းတစ်ရပ်မှာ သဘောထားကြီးမှု ဖြစ်ပါသည်။
ပြည်သူ့ ဘက်တော်သားများအဖြစ် ခံယူလာများအား ” ဆုတ်စူး၊ စားရူး” အနေအထားသို့ မရောက်စေရန် ဒီမို ကရက်တစ် အင်အားစုများဘက်မှ စေ့စပ် တိကျခိုင်မာသော တံခါးဖွင့် ပူးပေါင်းရေး မူဝါဒများ ချမှတ်ထားသင့်ပါသည်။ ယင်း မူဝါဒများ ပွင်းလင်းမြင်သာမှု ရှိလေလေ ပြည်သူ့ ဘက်သား ခံယူလိုသူများအတွက် အစိုးရသော ပေါင်းကူးတံတားများအသွင် ဆောင်လာလေလေ ဖြစ်ပေမည်။
ယင်းတံတားများ ခိုင်မာ အားကောင်း ပါက ဒုတိယ ဦးရွှေမန်းများ၊ ဒုတိယ ဦးဆန်းဆင့်များ၊ ဒုတိယ ဦးကျော်စွာဝင်း (ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် ရဲရဲ တောက်သတ္တိဖြင့် လက်မှတ်ထိုးခဲ့၍ ထောင် ကျခဲ့သော စစ်သားကြီး)များ များစွာ ထပ်မံပေါ်ပေါက် လာနိုင်ပါသည်။ ပေါ် ပေါက်ရန် မြူဆွယ်နိုင်ပါသည်။
သို့သော်.. ၊ ၎င်းတို့၏ တအုံနွေး နွေး ခံစားနေရသော အနာဟောင်းများကို ကုသရာတွင် ဒီမိုကရက်တစ် အင်အားစု များအား ဆေးအဖြစ် အသုံးချလာနိုင် သည်ကို အထူးသတိပြု ရလိမ့်မည်။ယင်းသို့ အသုံးချခံလိုက်ရပါက ဒီမိုကရက်တို့သည် ပြည်သူ့အကြားသို့ ပြင်းရှ ရိထက်လှသော အဆိပ် အတောက် ဓားသွားများ စိမ့်ဝင်ပြန့်ပွားစေသည့် အောင်သွယ်တော်များအဖြစ် သမုတ်ခံရ ပါလိမ့်မည်။
ပေါင်းကူး လာသူများသည်  ပြည် သူလူထုကို မျက်နှာမူလိုက်ကြောင်း ပြသနိုင်လျှင် လုံလောက်ပါပြီ။ ထိုထက် ပိုသော အကျိုးအမြတ်..၊ ပြည်သူလူထု အတွက် ၎င်းတို့ထံမှ ရစရာ မရှိနိုင်ပါ။ မျှော်လည်း မမျှော်ကိုးကြတော့ပါ။
အဘယ်ကြောင့်ဆိုသော်..၊ ပြည်သူအပေါင်းသည် ၎င်းတို့၏ အတိတ်ကာလ လုပ်ရပ်များအား တိုင်းပြည် ကောင်းကျိုးအတွက် အသည်းတနင့်နင့် ဖြင့် ခွင့်လွှတ်လိုက်ရန် ဖြစ်နိုင်သော်လည်း မေ့ဖျောက်ပစ်လိုက် ရန်ကား မဖြစ်နိုင် တော့..။ ၎င်းတို့ ကျူးလွန်ခဲ့သော တစ်ချို့ဒဏ်ရာတွေက ခုထိ သွေးမတိတ်သေး …။ သို့ကြောင့်..၊ ပြည်သူဘက် မျက်နှာမူလာ သူမှန်သမျှ လက်ကမ်း လှိုက်လှဲလိုက်ကြပါ။ သို့သော်.. သတိနှင့် ကြိုဆိုကြ ပါလေ..။
သူရဦးရွှေမန်းနှင့်တကွ အပေါင်း အပါများအား မြန်မာနိုင်ငံ၏ တိန့်ရှောင်ဖိန်များ၊ ခေတ်သစ် ချူအင်လိုင်းများအဖြစ် သတ်မှတ်ရန်မှာ များစွာ စောလွန်းပါ သေးသည်။
၎င်းတို့ လုပ်ပိုင်ခွင့် ရှိစဉ်အတွင်း တိုင်းပြည်တစ်ဝက်ကျော် ရေနစ်နေမှုအား မည်သို့ ကယ်ဆယ် ဆေးကြောပြုပြင် ထူထောင်ကြမည်ကို အရင် စောင့်ကြည့်ရ ပါမည်။
ယင်းသည် အစမ်းမေးခွန်းသာ ဖြစ်၏။ အတန်းတင်စာမေးပွဲ မဟုတ်သေး..။