အိမ်ထောင်စု ၂၃၀၀ ကျော် အတွက် ကယ်ဆယ်ရေး ပစ္စည်း အရန်သင့်ရှိ

0
418

တနင်္သာရီတိုင်းအတွင်း သဘာဝ ဘေးအန္တရာယ် ကျရောက်ချိန်တွင် ကယ်ဆယ်ရေး ပစ္စည်း ထောက်ပံ့ပေးနိုင် ရန် အိမ်ထောင်စု ၂၃၀၀ ကျော် အတွက် စုဆောင်း ထားကြောင်း တိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေး ဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူး ဦးနေမျိုးထွန်း က ပြောသည်။


အိမ်ထောင်စု ၃၀၀၀ အတွက် ထောက်ပံ့နိုင်ရန် လျာထားပြီး လက် ရှိ စာရင်းအရ ထားဝယ် ကယ်ဆယ် ရေး ပစ္စည်းဂိုဒေါင်တွင် အိမ်ထောင်စု ၁၄၈၅ ခုအတွက် အရန်သင့် စုဆောင်း ထားပြီး မြိတ်တွင် အိမ်ထောင်စု ၄၉၅ ခုနှင့် ကော့သောင်းတွင် ၄၁၇ ခု စုစုပေါင်း အိမ်ထောင်စု ၂၃၉၇ ခုစာ စုဆောင်းထား ကြောင်း ဦးနေမျိုးထွန်းက ပြောသည်။
“ဘေးသင့်သူများရဲ့ အိမ်ခြေနဲ့ လူဦးရေစာရင်းကို ထွေဦး (အထွေ ထွေ အုပ်ချုပ်ရေးဦးစီးဌာန)က ရရင် ဒါမှ မ ဟုတ် ကယ်ဆယ်ရေးစခန်းက အတည် ပြုထားတဲ့ စာရင်းရရင် ကယ်ဆယ်ရေး ထောက်ပံ့ပစ္စည်းတွေကို ချက်ချင်း ဖြန့်ဝေပေးနေပါတယ်”ဟု ဦးနေမျိုးထွန်း က ဆိုသည်။
၂၀၁၄ခုနှစ် ဧပြီလက ကောက်ခံ သော သန်းခေါင် စာရင်းရလဒ်အရ တနင်္သာရီတိုင်းအတွင်း အိမ်ထောင်စု အရေအတွက် ၂၈၃၀၉၉ စုရှိသည့် အတွက် ကယ်ဆယ်ရေး ပစ္စည်း အရန် သင့် ထားရှိမှုသည် အိမ်ထောင်စု စုစုပေါင်း၏ ၁၂၃ ပုံ ၁ ပုံ ရှိသည်။