ဥယျာဉ်မြေကို အိမ်ယာမြေပြောင်းခြင်းက ပိုင်ဆိုင်မှုအပေါ် သက်ရောက်မှု မရှိဟုဆို

0
470

ထားယ်မြို့ပေါ် ၁၅ ရပ်ကွက်ရှိ ဥယျာဉ်ခြံမြေ အဖြစ်ရှိနေသေးသည့် မြေများကို အိမ်ယာမြေအဖြစ် ပြောင်းလဲ ခြင်းက ပိုင်ဆိုင်အမည် အပြောင်းအလဲ ပြုလုပ်၍မရသည့်အတွက် ပိုင်ဆိုင်မှု အပေါ် သက်ရောက်မှု မရှိနိုင်ကြောင်း ထားဝယ်မြို့နယ် လယ်ယာမြေ စီမံခန့် ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနထံမှ သိရ သည်။
တိုင်းဒေသကြီး အစိုးရအဖွဲ့ အစီ အစဉ်အဖြစ် ထားဝယ်မြို့ပေါ် ၁၅ ရပ်ကွက်ရှိ မြေများကို မြို့မြေငှားဂရန် ထုတ်ပေးနိုင်ရန်အတွက် ဥယျာဉ်ခြံမြေ များကို အိမ်ယာမြေများအဖြစ် ဦးစွာ ပြောင်းလဲရာတွင် ပိုင်ဆိုင်မှု ကန့်ကွက်သူ များနေခြင်းနှင့်ပတ်သက်၍ မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်း အင်း ဦးစီးဌာနက မြို့နယ်ဦးစီးမှူး ဦးဇော်ဝင်းကျော်က အထက်ပါအတိုင်း ပြော ကြားခြင်း ဖြစ်သည်။
dawei-estate” အဲဒါက ဂရန် မဟုတ်သေးဘူး။ ဥယျာဉ်မြေကို အိမ်ယာမြေအဖြစ် ပြောင်းတာပဲ ရှိသေးတယ်။ တချို့က ပိုင်ဆိုင်မှုကို ကန့်ကွက် လာတာ ရှိတယ်။ အခုပြောင်းတာက အရင်ကတည်းက အမည်ပေါက်တဲ့ အတိုင်းပါပဲ။ ပြောင်းလို့ မရသေးပါဘူး”  ဟု ဦးဇော်ဝင်းကျော်က ပြောသည်။
အိမ်ယာမြေအဖြစ် ပြောင်းလဲပြီး မြို့မြေငှားဂရန် လျှောက်ထားသည့်အခါ တွင်မှသာ ပိုင်ဆိုင်မှုကို အဆုံးအဖြတ် ပေးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ထားဝယ်မြို့ပေါ် ၁၅ ရပ်ကွက် တွင်ရှိသည့် လက်ရှိ လူနေထိုင်သည့် မြေများ၏ ၅၀ ရာခိုင်နှုန်းခန့်မှာ ဥယျာဉ်ခြံမြေအဖြစ်သာ ရှိနေသေး သည်ဟု ဦးဇော်ဝင်းကျော်က ခန့်မှန်း ပြောဆိုသည်။
ဥယျာဉ်ခြံမြေကို အိမ်ယာမြေ အဖြစ် ပြောင်းလဲပေးမည့်ကိစ္စကို ပြီးခဲ့သည့် ဇွန်လက စတင်ခဲ့ခြင်းဖြစ်ပြီး ရုံးတွင်ရှိ သည့် မြေပုံနှင့် စာရင်းများအရ ဥယျာဉ် ခြံမြေအဖြစ် ရှိနေသေးသည့် မြေများကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား စာရင်း ကောက်စေကာ ယင်းမြေပိုင်ရှင်များကို အိမ်ယာမြေအဖြစ် ပြောင်းလဲလျှောက် ထားရန် အကြောင်းကြားစေခဲ့သည်ဟု မြို့နယ်ဦးစီးမှူး ဦးဇော်ဝင်းကျော်က ပြောသည်။
” ရန်ကုန်မှာလိုမျိုး မြို့ပြဧရိယာ တစ်ခါတည်း သတ်မှတ်ပြီး စည်ပင်ကို လွှဲလိုက်ရင် ရှင်းနေတာပဲ။ စည်ပင်နဲ့ အုပ်ချုပ်ရေးတို့က မြေဂရန် တခါတည်း ထုတ်ပေးပေါ့။ ဒါက အမြန်ဆုံးနည်း လမ်းပဲ” ဟု ထားဝယ်မြို့ခံ အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးက ပြောသည်။
ထားဝယ်မြို့ပေါ်တွင် နှစ်ပေါင်း များစွာ နေထိုင်နေပြီး လက်ရှိ အချိန် အထိ ဥယျာဉ်ခြံမြေအဖြစ်ပင် ရှိနေကြ သေးသည်မှာ မဖြစ်သင့်ဟု ၎င်းက ဝေဖန် သည်။
ဥယျာဉ်ခြံမြေနှင့် အိမ်ယာမြေများ သည် အရောင်းအဝယ် ပြုလုပ်သည့်အခါ ပိုင်ဆိုင်မှု အမည်ပြောင်းလဲ၍ မရဘဲ မြို့မြေငှား ဂရန် ရရှိပြီး သည့်မြေများသာ ပိုင်ဆိုင်မှုအမည် အပြောင်းအလဲ ပြုလုပ် ၍ရကြောင်း သိရသည်။