ကြယ်ငါး ကောက်သူများ

361
ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

အခုလပိုင်းအတွင်း ဖေ့စ်ဘွတ် စာမျက်နှာပေါ်မှာ ကျွန်တော်တို့ မြန်မာ နိုင်ငံရဲ့ ပြည်နယ်နဲ့တိုင်း (၁၁)ခုမှာ ရေကြီးနေတဲ့ သတင်းဟာအထူးပဲ ရေပန်း စားခဲ့ပါတယ်။ အလားတူပဲ အပတ်စဉ် ထုတ် ဂျာနယ်တွေ၊ နေ့စဉ်ထုတ် ပုဂ္ဂလိက သတင်း စာတွေမှာလည်း အဆိုပါကပ် ဘေးကို မျက်နှာဖုံးသတင်းအဖြစ် ဦးစား ပေး ဖော်ပြခဲ့ကြပါတယ်။

သူသူငါငါ ဖေ့စ်ဘွတ်မှာ တင်ထားတဲ့ပုံတွေ အနက် စိတ်ကို ထိထိခိုက်ခိုက် အဖြစ်ဆုံးပုံလေး တစ်ပုံကတော့ ရင်ခေါင်း လောက်နက်တဲ့ ရေထဲမှာ အသက် ၇၀ လောက်ရှိတဲ့ ထမီ ရင်လျားနဲ့ အမယ်အိုကြီးတစ်ဦးက ရေ ဘေး ကယ်ဆယ်ရေးသမားတွေ လှမ်းပေး တဲ့ ထမင်းထုပ်ကို ရယူနေပုံပါပဲ။ ထို့ အပြင် အထက်မြန်မာပြည် မြို့ရွာ အသီး သီးမှာ ရေကြီးနေတဲ့ပုံတွေ မီဒီယာ ပေါင်းစုံမှာ စိတ်မကောင်းခြင်း ကြီးစွာနဲ့ မြင်တွေ့နေရပါတယ်။ အခု ဖြစ်ပွားခဲ့တဲ့ ရေဘေးဟာ မြန်မာ့ သမိုင်းတစ်လျှောက် အဆိုးရွားဆုံး ကပ်ဘေးတစ်ခု ဖြစ်ခဲ့ပြီး လယ်မြေဧက သိန်းနဲ့ချီ pick-star-fishပျက်စီးခဲ့ရသလို ထောင် ပေါင်းများစွာသော ပြည်သူတွေ ရေဘေးဒုက္ခသည် ဖြစ်ခဲ့ကြရပါတယ်။ အကယ်၍ အချိန်တန်လို့ ရေပြန်ကျသွား စေဦးတော့ နောက်ဆက်တွဲ ရင်ဆိုင် ရမယ့် ရောဂါဘယ ဘေးတွေ၊ ပြန်လည် ထူထောင်ရေး လုပ်ငန်းစဉ်တွေကို တွေး မိပြီး ရင်မောမိပါတယ်။ အလားတူပဲ ကျွန်တော်တို့ တနင်္သာရီတိုင်း အတွင်းက တနင်္သာရီမြို့လေးမှာ နှစ်စဉ်လိုလို ရေးဘေးဒုက္ခ ကြုံတွေ့ခံစားကြရတာ မျက်ဝါးထင်ထင် မြင်ဖူးပေါင်း များပြီမို့ ရေဘေး ဒုက္ခသည်တွေရဲ့ ပရိဒေ၀ကို ကိုယ်ချင်းစာမိပါတယ်။

တကယ်တော့ ဒီဖြစ်စဉ်ဟာ တစ်နိုင်ငံ လုံးမှာရှိတဲ့ သစ်ပင်တွေကို အတိုင်းအဆမဲ့ ခုတ်လှဲခဲ့ရာက ရာသီဥတု ပြောင်းလဲပြီး သဘာဝတရားက လူတွေကို ဒဏ်ခတ် တာလို့ပဲ သဘောပေါက်မိပါတယ်။ ဒါပေ မဲ့ တကယ်တမ်းခံစားရသူက လက်တစ် ဆုပ်စာ ခံစားရသူက အနမတဂ္ဂမို့ ဒဏ်ခတ် ရက်စက်လွန်းတဲ့ သဘာဝတရားကို ရေနစ်နေသူကိုမှ ဝါးကူ ထိုးရက်လေခြင်း လို့ အပြစ်တင်ချင်မိပါတယ်။

အားလုံး သိကြတဲ့အတိုင်းပါပဲ။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ သဘာဝ ဘေးအန္တရာယ် တစ်ခုခု ကျရောက်တိုင်း သက်ဆိုင်ရာက ပြည်သူလူထုကို ကြိုတင် သတိပေးဖို့ အမြဲနှောင့်နှေး ကြန့်ကြာ တတ်သလို ကယ်ဆယ်ရေးတွေလည်း ဘယ်သောအခါမှ အလျင်စလို ရောက် နိုင်ခဲ့ခြင်း မရှိပါဘူး။ အခုလို ကြိုတင် သတိပေးမှု နှောင့်နှေးသလို ကယ်ဆယ် ရေးတွေ အချိန်မီရောက်ရှိမလာလို့ နာဂစ် မုန်တိုင်းမှာ လူသိန်းနဲ့ချီပြီး မသေသင့်ဘဲ သေဆုံးခဲ့ရတာ ဘယ်လိုမှ ငြင်းကွယ် ဖျောက်ဖျက်လို့မရတဲ့ သမိုင်းအထောက် အထားတွေပါ။ ဒီတုန်းက တာဝန်ရှိသူတွေ ကယ်ဆယ်ရေးလုပ်ဖို့ နှောင့်နှေးကြန့် ကြာနေလို့ ပြည်သူတွေ မိမိနိုင်အားသရွေ့ လှူဒါန်းထောက်ပံ့ပြန်တော့ ပိတ်ပင် တားဆီးမှု အမျိုးမျိုးနဲ့ ရင်ဆိုင်ကြုံ တွေ့ခဲ့ ရသလို ဒုက္ခသည်တွေအတွက် နိုင်ငံတ ကာက ဝိုင်းဝန်းလှူဒါန်းခဲ့ကြတဲ့ ယာယီ ရွက်ဖျဉ်တဲတွေ၊ လက်သမား သေတ္တာ (Tools Box)လးတွေကိုတောင် ဖြတ်စားလျှပ်စား လုပ်ခဲ့ကြတယ်။ ဒါတွေ ဟာ မလိုတမာ စွပ်စွဲ ပြောဆိုခြင်း မဟုတ် ပါ။ သက်သေသာဓက ခိုင်ခိုင်မာမာ ရှိပါ တယ်။

နာဂစ်မုန်တိုင်းကြီး လွန်မြောက်ပြီး ကယ်ဆယ်ရေးတွေ လုပ်ကြတော့ ကျွန်တော့်မိတ်ဆွေ ဆရာဝန်တစ်ဦး ဧရာဝတီတိုင်း၊ လပွတ္တာမြို့မှာ တာဝန် ကျပါတယ်။ တစ်နေ့ ကျွန်တော့်မိတ် ဆွေဟာ လပွတ္တာဈေးမှာ တစ်ကိုယ်ရေ အသုံးအဆောင်လေးတွေ သွားရောက် ဝယ်ယူရင်း ဆိုင်တိုင်းလိုလိုမှာ နာဂစ် မုန်တိုင်း ဒုက္ခသည်တွေအတွက် နိုင်ငံ တကာက ဝိုင်းဝန်း လှူဒါန်းခဲ့ကြတဲ့ ပစ္စည်းပစ္စယလေးတွေ ရောင်းချနေတာ တွေ့ရတော့ သူတောင် အသေးစား အိမ် လေးတွေဆောက်လို့ရတဲ့ လက်သမား သေတ္တာလေးတစ်လုံးကို ကျပ်နှစ်သောင်း ခွဲနဲ့ ဝယ်ယူခဲ့ပါသေးတယ်။ ယနေ့ထက် တိုင်လည်း သူ့အိမ်မှာ ဒီသေတ္တာကို အမှတ်တရ သိမ်းဆည်းထားပါသေး တယ်။ လပွတ္တာ ဒေသခံတွေကတော့ ဒီလက်သမား သေတ္တာလေးတွေ ပြင်ပမှာ ရောင်းနေ ဝယ်နေကြမှ သူတို့မြင်ဖူး ကြောင်း မချိတင်ကဲ ပြောကြရှာပါတယ်။

ဒါပေမဲ့ အဆိုးထဲက အကောင်းဆို သလို အဆိုပါ ရေဘေးကို အကြောင်းပြု ပြီး ပြည်သူတွေကြားမှာ အပြန်အလှန် ယုံကြည်နားလည်မှုတွေ ထုံကူးနိုင် ခဲ့ကြပါတယ်။ ဒါအပြင် ခံယူချက်ချင်း၊ ရပ်တည်မှုချင်း မတူညီကြတဲ့ နယ်ပယ် အသီးသီးက ပုဂ္ဂိုလ်တွေဟာလည်း ရေးဘေးကယ်ဆယ်ရေးဆိုတဲ့ ခေါင်း စဉ်အောက်မှာ လက်ချင်းခိုင်ခိုင်တွဲခဲ့ ကြပါတယ်။ သမိုင်းပေး အတွေ့အကြုံ အရ သဘာဝ ဘေးအန္တရာယ်တစ်ခုခု ကြုံတွေ့တိုင်း အာဏာပိုင်တွေကိုချည်း အလုံးစုံ အားကိုးနေလို့ မရမှန်း နော ကြေနေအောင် သိရှိခဲ့ကြတဲ့ ပြည်သူ တွေဟာ ရေဘေးအန္တရာယ် ကျရောက် တာနဲ့ ကိုယ်စွမ်းဥာဏ်စွမ်း ရှိသလောက် ပုံစံ အမျိုးမျိုးနဲ့ ရန်ပုံငွေရှာဖွေခဲ့ ကြပါ တယ်။

အခုလို ရန်ပုံငွေ ရှာဖွေကြရာမှာ တစ်ကိုယ်တော်လည်း ရှိသလို အစုအဖွဲ့ လေးတွေ ဖွဲ့ပြီး အလှူခံထွက်သူက ထွက် ကြပါတယ်။ တချို့က အလုပ်အကိုင်တွေ အကုန်ပစ်ထားခဲ့ပြီး ရေဘေး ရန်ပုံငွေ ရှာဖွေရေး လုပ်ငန်းကို ဖိဖိစီးစီးလုပ် ဆောင်ကြသလို ပြည်ပကို ရောက်ရှိနေတဲ့ မြန်မာတွေလည်း ဒီအရေးကို မျက်နှာမလွှဲ နိုင်ဘဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့ အလှူ ငွေတွေ ပေးအပ် လှူဒါန်းကြပါတယ်။ ဒါအပြင် ဖလားလေးတွေနဲ့ ခြေလျင် အလှူခံ ထွက်သူက ထွက်သလို ကားနဲ့ အလှူခံ ထွက်သူက ထွက်ကြပါတယ်။ အလားတူ ပန်းချီဆွဲတတ်သူက သူရေး ဆွဲထားတဲ့ ပန်းချီကားချပ်တွေကို ခင်း ကျင်း ရောင်းချပြီး ရောင်းရငွေကို ရေဘေး ကယ်ဆယ်ရေးအတွက် လှူဒါန်းသလို တချို့ကလည်း တေးဂီတနဲ့ ဖျော် ဖြေပြီး ရန်ပုံငွေ ရှာကြပါတယ်။ ရန်ကုန်မှာ တော့ အနယ်နယ် အရပ်ရပ်က ကဗျာ ဆရာတွေ သူတို့လက်ရေးမူနဲ့ ရေးထား တဲ့ ကဗျာတွေကို လမ်းဘေးမှာ ယာယီ ရွက်ဖျင်တဲလေးတွေနဲ့ ရောင်းချပြီး ရန်ပုံငွေ ရှာဖွေနေကြတာ ဖေ့စ်ဘွတ်မှာ တွေ့လိုက်ရပါတယ်။

ဒါအပြင် တချို့က အချိန်ပိုင်း အလုပ်လေးတွေ ဝင်ရောက် လုပ်ကိုင်ပြီး ရသမျှ လုပ်အားခကို ရေဘေးအတွက် ရက်ရက်ရောရော လှူဒါန်းခဲ့ကြသလို တချို့က ရေဘေးကယ်ဆယ်ရေး သွား ကြမယ့် သူတွေကို ကားလှူသူက လှူ၊ ထမင်းကျွေးတဲ့ ဆိုင်ကကျွေးပြီး အခမဲ့ တည်းခိုခွင့်ပေးတဲ့ တည်းခိုခန်းက ပေးနဲ့ ထက်သန်လိုက်ကြတဲ့ သဒ္ဒါ တရားတွေ ဟာ မြင်ရ ကြားရသူတိုင်း ကြက်သီး တဖြန်းဖြန်း ထလောက် ပေတယ်။ အခု လို ကိုယ့်အသိနဲ့ကိုယ် ရေဘေးကယ်ဆယ် ရေး ရန်ပုံငွေ ရှာဖွေနေကြသူတွေထဲမှာ ဆံပင်ထိုးထိုး ထောင်ထောင်နဲ့ ကလေး တွေ၊ နားကွင်းကိုယ်စီနဲ့ ကလေးတွေ၊ မိဘနှစ်ပါးထံမှာ မုန့်ဖိုးလက်ဖြန့်တောင်း ပြီး ကျောင်းတက်နေကြတဲ့ ကျောင်းသူ၊ ကျောင်းသားလေးတွေ ပါဝင်ကြပါတယ်။ ဒီကလေးတွေဟာ သူတို့ကို ဘယ်သူမှ ပေးမထားတဲ့တာဝန်ကို ကျေပွန်နေလိုက် ကြတာများ အောချရလောက်ပါတယ်။ တချို့ဆို ဟန်းစပီကာလေး တစ်လုံးနဲ့ နေပူမိုးရွာ မရှောင်တစ်လမ်းဝင် တစ်လမ်း ထွက် အလှူခံနေလိုက်ကြတာများ အသံတွေ ပြာကုန်တဲ့ အထိပါပဲ။ ဒါပေမဲ့ ဘယ်လောက်ပဲ ပင်ပန်းပါစေ သူတို့လေး တွေ အပြုံးတစ်ချက် မပျက်ကြသလို အလှူရှင်တွေ ဘက်ကလည်း ရေဘေး အလှူခံ ဘယ်နှဖွဲ့လာလာ သဒ္ဓါတရား ဆုတ်ယုတ်သွားခြင်း မရှိဘဲ အဖွဲ့တိုင်းကို မိမိ တတ်နိုင်သလောက် လှူဒါန်းကြ တာပါပဲ။

အခုလို သဒ္ဒါတရား ထက်သန်လှတဲ့ အလှူရှင်တွေနဲ့ စိတ်အား ထက်သန်လှတဲ့ အလှူခံတွေကို ကြည့်ပြီး ကမ္ဘာကျော် နှလုံးသား အာဟာရစာစုလေးတစ်ခုကို သတိရ မိပါတယ်။

တစ်ခါက အဘိုးအိုတစ်ဦးဟာ ပင် လယ်ကမ်းခြေ တစ်ခုမှာ အပန်းဖြေ လမ်း လျှောက် ထွက်လာပါတယ်။ကမ်းခြေ တစ်နေရာကိုရောက်တော့ လူငယ်လေး တစ်ဦးဟာ စတားဖစ်ရှ်ခေါ် ကြယ်ငါး လေးတွေကို ကမ်းစပ်က ကောက်ယူပြီး ပင်လယ်ထဲ ပြန်လွှတ်ပစ်နေတာ တွေ့ရ တော့ အဘိုးအိုဟာ လူငယ်လေးထံ သွားပြီး ဘာလုပ်နေသလဲလို့ မေးမြန်းပါ တယ်။ ဒီအခါ လူငယ်လေးက အခုလို ပြန်ဖြေပါတယ်။
” ဒီကြယ်ငါးလေးတွေဟာ ကမ်းစပ် မှာ နောက်တစ်နေ့ အရုဏ်တက်ချိန်ထိ တင်ကျန်ရစ်နေရင် သေသွားမှာ စိုးလို့ပါ”
” ဒါပေမဲ့ကွာ…ဒီပင်လယ် ကမ်းခြေ က တစ်မျှော်တစ်ခေါ်ကြီး မဟုတ်လား၊

ကမ်းခြေတစ်လျှောက် တင်ကျန်ရစ်ခဲ့တဲ့ ကြယ်ငါးလေးတွေက တစ်ပုံတစ်ပင်ကြီးပဲ၊ မင်းဒီလို လုပ်လို့ရော ဘာထူးလာမှာလဲ”
ဒီအခါ လူငယ်လေးက သူ့လက်ထဲ က ကြယ်ငါးကို ပင်လယ်ထဲ ပြန်လွှတ်ချ လိုက်ပြီး အဘိုးအိုကို အခုလို ပြောလိုက် ပါတယ်။
” ဟုတ်ကဲ့၊ကမ်းခြေတစ်လျှောက် တင်ကျန်ရစ်ခဲ့တဲ့ ကြယ်ငါး အားလုံးကို ကျွန်တော် တစ်ယောက်တည်း ပင်လယ်ထဲ ပြန်မလွှတ်ချနိုင်ပေမယ့် လောလောဆယ် ဒီကြယ်ငါးလေး တစ်ကောင်တော့ အသက်ချမ်းသာရာ ရသွားပြီပေါ့။”

အခုလည်း ရေဘေးအတွက် အလှူ ငွေထည့်ဝင်ကြသူတွေရော၊ အလှူခံ ပုဂ္ဂိုလ်တွေပါ ကမ်းစပ်မှာ ကြယ်ငါးကောက်သူတွေပါ။ သူတို့ ဝိုင်းဝန်း လှူဒါန်းခဲ့ကြတဲ့ အလှူငွေတွေဟာ သိန်းနဲ့ချီတဲ့ ရေဘေး ဒုက္ခသည်တွေအတွက် တစ်သက်တာ ဖူလုံမှုမရှိပေမယ့် အချိန်အတိုင်း အတာ တစ်ခုအထိတော့ အကျိုးသက်ရောက်မှု ရှိပါလိမ့်မယ်။

အလားတူပဲ ဒုက္ခသည်စခန်းတွေမှာ ဖြစ်သလို နေထိုင်၊ ဖြစ်သလို စားသောက်ပြီး ကြုံသလို အိပ်စက်နေရတဲ့ ရေဘေး ဒုက္ခသည်တွေ ဟာလည်း သူတို့ရဲ့ ပရိဒေ၀မီးတောက်ကို ကူငြိမ်းပေးမယ့် လက်တွေ ကြောင့် ကြယ်ငါးကောက်သူများကြောင့် အထိုက်အလျောက် ဖြေ ဆည်ရာရကြမှာ ဖြစ်ပါတယ်။