AMDP ကိုယ်စားလှယ်ဟောင်း ထက်ဝက် ပြန်ရွေးခံရာတွင် မပါ

0
663

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ AMDP ၏ ၂၀၁၀ ရွေးကောက် ပွဲတွင် အနိုင်ရရှိထားသည့် ကိုယ်စား လှယ် ထက်ဝက်လာမည့် ရွေးကောက်ပွဲ တွင် ယင်းပါတီမှ ဝင်ရောက်ယှဉ်ပြိုင် မည့် စာရင်းတွင်မပါဟု ယင်းပါတီထံမှ သိရသည်။
ကိုယ်စားလှယ် ၁၆ ဦးအနက် ၈ ဦး မပါတော့ခြင်း ဖြစ်သည်။

၎င်းတို့အနက် အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဒေါက်တာ ဗညား အောင်မိုးနှင့် ပြည်နယ်လွှတ်တော်ကိုယ် စားလှယ် နိုင်လဝီအောင်တို့က ၎င်းတို့ ဆန္ဒအရ ထပ်မပြိုင်တော့ခြင်းဖြစ်ကြောင်း ပါတီပြောရေး ဆိုခွင့်ရှိသူ နိုင်စံတင်ထံမှ သိရသည်။” မြို့နယ်က ရွေးတင်လာတဲ့ အတိုင်းပဲ ပြန်စိစစ် ရွေးချယ်တယ်၊ ပါတီအနေနဲ့ ထုတ်ပယ်တာတော့ မရှိ ဘူး” ဟု ၎င်းက ပြောသည်။

ပြန်လည်ရွေးချယ်ရာတွင် မပါသည့် နိုင်သိန်းအောင်၊ နိုင်ထွန်းအုံးနှင့် နိုင်စိုးသိန်းတို့က ယင်းအပေါ် ကျေနပ်မှု မရှိသည့်အတွက် လာမည့် ရွေးကောက် ပွဲတွင် တစ်သီးပုဂ္ဂလအနေဖြင့် ဝင်ပြိုင် ကြမည်ဟု သိရသည်။

ပါတီက ရွေးချယ်လိုက်သည့် ကိုယ်စားလှယ်လောင်းများ စာရင်း တွင် ပြန်လည်ပါဝင်လာခြင်း မရှိသည်နှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ ပြောလိုစိတ် မရှိသဖြင့် တစ်သီးပုဂ္ဂလအနေဖြင့် ဝင် ပြိုင်သွားမည်ဖြစ်ကြောင်း နိုင်စိုးသိန်းက ပြောသည်။

” ကိုယ်ကလည်း အသက်ကြီးနေပြီ လေ၊ နောက်ကလူတွေ တက်လာဖို့ အတွက် ပြီးတော့ တခြားလူတွေ နေရာ ပေးဖို့အတွက်ပါ၊ နောက်တစ်ခုကတော့ မွန်အချင်းချင်း ပြိုင်ရမှာဖြစ်တဲ့အတွက် လည်း ပါတယ်” ဟု AMDP လက်ရှိ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဗညားအောင်မိုးက ပြော သည်။
ကိုယ်စားလှယ်လောင်း ရွေးချယ် ရာတွင် မြို့နယ်မှ ရွေးချယ် တင်လာသည့် စာရင်းကို အခြေခံကာ အဆင့်ဆင့် ရွေးချယ်ခဲ့သည်ဟု ယင်းပါတီထံမှ သိရသည်။
AMDP သည် မွန်ပြည်နယ်တွင် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၆ နေရာ၊ အမျိုးသားလွှတ်တော် မဲ ဆန္ဒနယ် ၇ နေရာ၊ ပြည်သူ့ လွှတ်တော်မဲဆန္ဒနယ် ၁၂ နေရာ၊ ကရင်ပြည်နယ်တွင် ပြည်သူ့ လွှတ်တော်မဲဆန္ဒနယ် ၁ နေရာ၊ အမျိုး သားလွှတ်တော် ၂ နေရာ၊ ပြည်နယ် လွှတ်တော် ၁ နေရာနှင့် မွန်တိုင်းရင်း သားရေးရာ ၁ နေရာ၊ တနင်္သာရီတိုင်းဒေသ ကြီးတွင် ပြည်သူ့လွှတ်တော် ၁ နေရာ၊ အမျိုးသားလွှတ်တော် ၁ နေရာနှင့် တိုင်း ဒေသကြီးလွှတ်တော် ၃ နေရာ စုစုပေါင်း ၃၅ ဝင်ပြိုင်မည်ဖြစ်သည်။

ယင်းပါတီသည် ၂၀၁၀ ရွေးကောက် ပွဲတွင် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် အတွင်းရှိ မဲဆန္ဒနယ် ၃၄ နေရာတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကာ ကိုယ်စားလှယ် ၁၆ နေရာ အရွေးချယ်ခံထားသည်။