ကော့သောင်းတွင် ဆန်ပြတ်၍ ထိုင်းမှတင်သွင်း

0
705

ဆန်ပြတ်လပ်သွားသည့်အတွက် ပုံမှန်အားဖြင့် အနည်းအကျဉ်းသာ တင်သွင်းသည့် ထိုင်းဆန် များကို ကော့သောင်း ဈေးကွက်သို့ ထိုင်းဆန်တစ်ရက်လျှင် အိတ် ၄၀ခန့် တင်သွင်းနေရကြောင်း ကော့သောင်းမြို့ ဆန်းစပါးအသင်းချုပ်ထံမှ သိသည်။

မိုးရာသီတွင် လမ်းပန်းဆက်သွယ်ရေးခက်ခဲ၍ အချိန်မီ ဆန်မရောက်သောကြောင့် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကော့သောင်းမြို့ပေါ်ရှိ ဆိုင်ကြီးတချို့တွင် ဆန်ပြတ်လပ်လျက်ရှိကြောင်း ကော့သောင်းမြို့ ဆန်ကုန်သည် အသိုင်းအဝိုင်းမှ သိရသည်။ ကော့သောင်းခရိုင်အတွင်း တစ်ရက်လျှင် ဆန်အိတ် ၇၀၀ ကျော် လိုအပ်ချက်ရှိကြောင်း သိရသည်။

” ဆန်အများကြီး ပြတ်လပ်မှာ ဈေးအဆမတန်တက်သွားမှာတော့ မပူရဘူး၊ ဘာလို့ဆိုတော့ ထိုင်းဘက်က ဆန်တွေကို လက်လီအရောင်းဆိုင်တွေက တင်သွင်းရောင်းချမှုတွေ ရှိတယ်” ဟု ကော့သောင်းမြို့ ဆန်စပါးအသင်းချုပ် တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ဆန်ပြတ်လပ်မှုကြောင့် ဆန်တစ် အိတ် ပျမ်းမျှ ကျပ် ၃၀၀၀ ခန့်အထိ ဈေးတက်သွားကြောင်း သိရသည်။ ကော့သောင်းမြို့သို့ ပုံမှန်အားဖြင့် ရန်ကုန်ဈေးကွက်မှ ဆန်များတင်သွင်းလေ့ရှိပြီး နှစ်စဉ် မိုးရာသီရောက်တိုင်း ရာသီဥတုဆိုးရွာသည့်အခါ ထိုင်းဘက်မှ တင်သွင်းရလေ့ရှိကြောင်း သိရသည်။