တောင်ဖီလာ အထက်တန်းကျောင်းခွဲ ကိုယ်ပိုင်အစီအစဉ်ဖြင့် စာသင်နေရ

0
468

ယခုနှစ်တွင် အထက်တန်းကျောင်းခွဲအဖြစ် စတင်သတ်မှတ်ခဲ့သည့် မြိတ်မြို့နယ် ကဟန်း ကျေးရွာအုပ်စု တောင်ဖီလာကျေးရွာရှိ တောင်ဖီလာ အထက်တန်းကျောင်းခွဲတွင် ကိုယ်ပိုင်အစီအစဉ်ဖြင့် စာသင်နေရကြောင်း ကျောင်းသားမိဘများထံမှ သိရသည်။

ယင်းကျောင်းတွင် ကျေးရွာ ပေါင်း ၇ ရွာမှ မူလတန်းနှင့် အလယ်တန်း ကျောင်းသူ^သားများ (၅၀၀) ဦးကျော် တက်ရောက် သင်ကြားလျက်ရှိနေပြီး ယခုနှစ်မှာ အထက်တန်းကျောင်းခွဲသို့ တက် ရောက်လာသည့် ကျောင်းသူ^သား ၄၃ ဦးအတွက် ဆရာ^ဆရာမ မရှိ၊ ကျောင်းဆောင်မရှိ ဖြစ်နေ သည်ဟု အထက်ပါ ကျောင်းသား မိဘများထံမှ သိရသည်။

ထို့ကြောင့် ကျောင်းသားမိဘ ၄၃ ဦးက ကော်မတီဖွဲ့ပြီး ဆရာ ၁ ဦးနှင့် ဆရာမ ၂ ဦးကို ငှားရမ်းပြီး စာသင်နေရကြောင်း သိရသည်။
ဆရာတစ်ဦးကို တစ်လ ၂ သိန်းခွဲ၊ ဆရာမတစ်ဦးကို ၁ သိန်းခွဲ ဥာဏ်ပူဇော်ခ ပေးရသည့်အတွက် လစဉ် ကုန်ကျငွေ ၅ သိန်းခွဲ ရှိနေသည်ဟု တောင်ဖီလာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအင်ထွန်းလေးက ပြောသည်။

“ကျောင်းသား မိဘတွေကတော့ ရေရှည်မှာ တောင့်ခံနိုင်မှာ မဟုတ်ပါဘူး”ဟု ဦးအင်ထွန်းလင်းက ဆိုသည်။
နောက်ပိုင်းတွင် အခက်အခဲများ ယခုထက်ပို များလာမည်ဖြစ်သည့်အတွက် သက်ဆိုင်ရာ ပညာရေး ဌာနသို့ တင်ပြတောင်းဆိုသွားမည်ဟု ၎င်းက ပြောသည်။
မူလတန်းနှင့် အလယ်တန်း ကျောင်းသူ^သားများအတွက် နှစ်တိုင်းပညာရေးဌာနက ချပေးထား သည့် ကျောင်းဆရာ^ ဆရာမများ၊ သင်ထောက်ကူပစ္စည်းများ လုံလောက်မှုရှိပြီး အထက်ပါအထက် တန်း ကျောင်းခွဲအတွက် လိုအပ်နေခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် နှစ်များက ယင်းကျေးရွာမှ အထက်တန်းကျောင်းသူ ကျောင်းသားများသည် ရွာမှ ၅ မိုင်ခန့် ဝေးသည့် အင်္ဂမော်ကျေးရွာတွင် ကျောင်းသွားတက်ရ၍ ခရီးသွားလာရေး ခက်ခဲသဖြင့် ယခုကဲ့သို့ အထက်တန်းကျောင်းခွဲအဆင့် တိုးမြှင့်ပေးရန် တောင်းဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ကဟန်းကျေးရွာအုပ်စုရှိ ဇေတ ဝန်ကျေးရွာ၊ ကဟန်းကျေးရွာ၊ သက်ကထိကျေးရွာ၊ တောင်ဖီလာ ကျေးရွာ၊ တောင်ကြီးကျေးရွာ၊ ဇလွန်ကျေးရွာ နှင့် မင်းသန်းကျေးရွာစုစုပေါင်း ကျေးရွာ ၇ ရွာရှိပြီး၊ မြိတ်မြို့မှ ၁၆ မိုင်ခန့်ကွာဝေးကြောင်း သိရသည်။