လူထုထိခိုက်၍ ခနောက်စိမ်းစက်ရုံ စမ်းသပ်လည်ပတ်မှု ရပ်နား

0
637

မွန်ပြည်နယ်၊ ကျိုက်မရောမြို့ နယ်၊ ညောင်ပင်ဆိပ်ကျေးရွာ အုပ်စုရှိ မော်လမြိုင် စက်မှုဇုန်တွင် မြန်မာ ဆန်း ဇော် သတ္တုတူးဖော်ရေး ကုမ္ပဏီ၏ ခနောက်စိမ်း သတ္တုသန့်စင်စက်ရုံ စမ်း သပ် လည်ပတ်စဉ် စက်ရုံပတ်ဝန်းကျင် နေသူတချို့ မူးမေ့မှု ဖြစ်ပွားခဲ့သည့် အတွက် စမ်းသပ်လည်ပတ်မှုကို ဩဂုတ် လ ၁၅ ရက်နေ့က ပြည်နယ်အစိုးရမှ ရပ်နားခိုင်းထားသည်ဟု သိရသည်။

ကုမ္ပဏီမှ စက်ရုံ စမ်းသပ်လည် ပတ်မှုကို ဩဂုတ်လ ၁၁ ရက်နေ့က စတင်ခဲ့ပြီး၊ စက်ရုံမှ ထွက်လာသည့် အခိုးအငွေ့များနှင့် အနံ့များကြောင့် ၁၄ ရက်နေ့က စက်မှုဇုန် ပတ်ဝန်းကျင် နေ ထိုင်သူတို့မှာ မျက်ရည်ယိုခြင်း၊ အသက် ရှုကြပ်ခြင်းများ ဖြစ်ပွားခဲ့ကြောင်း စက်မှု ဇုန် စီမံခန့်ခွဲရေးကော်မတီ ဒုတိယ ဥက္ကဌ ဦးစိန်မြင့်က ပြောသည်။

သို့သော် စက်ရုံစိစစ်ဆေးရေး အဖွဲ့ ၏ စုံစမ်းမှုအရ သတိမေ့မူးလဲသူမရှိ ကြောင်း ခနောက်စိမ်း စစ်ဆေးရေးအဖွဲ့ ဦးဆောင်သူ မွန်ပြည်နယ်စက်မှုကြီးကြပ် ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ ပြည်နယ် မှူး ဦးခိုင်ထွန်းဆောင်က ပြောသည်။

မော်လမြိုင် စက်မှုဇုန်အတွင်း ခနောက်စိမ်း သန့်စင်စက်ရုံ ဆောက်လုပ် ခွင့်များကို စက်မှုဇုန်ကော်မတီ၊ မြို့နယ် ကော်မတီ ၃ ရပ်တို့၏ တင်ပြမှုကြောင့်နှင့် မြို့ရေပေးဝေရေး စီမံကိန်းကို ထိခိုက် စေနိုင်သည်ဟုဆိုပြီး မွန်ပြည်နယ်အစိုးရ အဖွဲ့မှ ၂၀၁၄ ခုနှစ်ကတည်းက တားမြစ် ထားသည်။
သို့သော်လည်း မြန်မာဆန်းဇော် သတ္တုတူးဖော်ရေးကုမ္ပဏီက ၎င်းတို့ရင်းနှီး မြှုပ်နှံပြီးသား အနေအထားမှ ဆက်လက် လုပ်ဆောင်နိုင်ရန် မြို့နယ်ကော်မတီ၊ ရပ်^ကျေးကော်မတီ၊ စက်ရုံစစ်ဆေးရေး အဖွဲ့၊ စက်မှုဇုန်ရှိ ပြည်သူလူထုတို့နှင့် အကြိမ်ကြိမ်တွေ့ဆုံ ဆွေးနွေးခဲ့ပြီးနောက် မှာတော့ မြို့နယ်၊ ရပ်^ကျေးကော်မတီနှင့် စက်ရုံ စစ်ဆေးရေးအဖွဲ့တို့က ပြန်လည် သဘောတူလာခဲ့သည်။

မော်လမြိုင် စက်မှုဇုန်တွင် ခနောက် စိမ်း သန့်စင်စက်ရုံ ၆ ရုံခန့်ရှိသည်ဟု မွန်ပြည်နယ် သစ်တောနှင့် သတ္တုတွင်း ဝန်ကြီးဌာနထံမှ သိရသည်။
၎င်းတို့အနက် ကောင်းကင်ကြယ် ခြောက်ပွင့် ကုမ္ပဏီလီမိတက်မှ တည် ဆောက်ထားသည့် ခနောက်စိမ်း သတ္တု သန့်စင်စက်ရုံသည် ပတ်ဝန်းကျင် ထိခိုက် မှု၊ ညစ်ညမ်းမှုနှင့် ကျန်းမာရေးအန္တရာယ် ဆိုင်ရာ ဆိုးကျိုးများရှိသဖြင့် ၂၀၁၄ ခုနှစ် စက်တင်ဘာလခန့်က ပြည်နယ်အစိုးရမှ ရပ်တန့်ခိုင်းထားခဲ့ပြီး ဖြစ်သည်။