ကော့သောင်း ဘုရင့်နောင်ကုန်း လည်ပတ်ခွင့် အချိန်ကန့်သတ်

0
529

ကော့သောင်းမြို့ရှိ ခရီးသွားများ လည်ပတ်လေ့ရှိသော ထင်ရှားသည့် နေရာများအနက် တစ်ခုဖြစ်သည့် ဘုရင့် နောင် ရုပ်ထုတည်ရှိရာ ဘုရင့်နောင်ကုန်း မြေဝင်းသို့ ဝင်ရောက်လည်ပတ်ရန် ပြီး ခဲ့သည့် အပတ်ကစပြီး အချိန်ကန့်သတ် လိုက်ကြောင်း ကော့သောင်းမြို့နယ် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

ယခင်က အချိန်ကန့်သတ်ချက်မရှိ သွားလာခွင့်ရှိသည့် ကော့သောင်းမြို့၊ ဘုရင့်နောင် ရပ်ကွက်ရှိ ယင်းကုန်းမြေ ဝင်းသို့ ဩဂုတ်လ ၁၀ ရက်နေ့မှ စပြီး မနက် ၆ နာရီမှ ၈ နာရီအထိသာ ဖြတ် သန်းသွားလာခွင့် ပြုတော့မည် ဖြစ်ပြီး ကုန်းမြေကိုလည်း ခြံစည်းရိုး ကာရံလိုက် ကြောင်း ကော့သောင်းမြို့နယ် စည်ပင် သာယာရေး ကော်မတီအဖွဲ့ဝင်က ပြော သည်။
bayintnaung-kt
” ဘုရင့်နောင်ကုန်းပေါ်မှာ မူးယစ် ဆေးဝါးရောင်းချသူ သုံးစွဲတဲ့လူငယ်တွေ နဲ့ ပြည့်တန်ဆာ အမျိုးသမီးတွေ နေ့ည ကျက်စားတဲ့နေရာ တစ်ခုဖြစ်လို့ အခုလို အချိန်ကန့် သတ်လိုက်တာ မြို့အတွက် ကောင်းတယ်” ဟု ဘုရင့်နောင်ရပ်ကွက် နေ ဦးစိုးထွေးက ဆိုသည်။

ညနက်ပိုင်းတွင် မှောင်ရိပ်ခိုပြီး ဒုစရိုက်မှုများ မဖြစ်စေရန်နှင့် ကုန်းမြေ ရေရှည်တည်တံ့ပြီး သန့်ရှင်းလှပရန် ရည် ရွယ်ပြီး ယင်းသို့ အချိန်ကန့်သတ်လိုက် ခြင်းဖြစ်ကြောင်း အထက်ပါ ကော်မတီ အဖွဲ့ဝင်က ရှင်းပြသည်။

ဘုရင့်နောင်ကုန်းသည် ကော့သောင်း မြို့ရှိ ထင်ရှားသည့် နေရာများအနက် တစ်ခုဖြစ်ပြီး မနက်ပိုင်း ကျန်းမာရေး လမ်းလျှောက်သူများ၊ နိုင်ငံခြားသား ခရီးသွားများနှင့် ပြည်တွင်းခရီးသွားများ လာရောက် လည်ပတ်လေ့ရှိသည့် နေရာ ဖြစ်သည်။