ဘင်္ဂါလီများကို စိစစ်ရန် ဘင်္ဂလားဒေ့ရှ် သံရုံး တာဝန်ရှိသူ ၃ ဦး လာရောက်

0
425

ကော့သောင်းမြို့နယ် ဇာနည်ကျွန်း ပေါ်တွင် ထိန်းသိမ်းထားသည့် ဘင်္ဂါလီ လူမျိုးများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ဟုတ်မဟုတ် စိစစ်ရန်အတွက် ဘင်္ဂါလား ဒေ့ရှ်သံရုံးမှ တာဝန်ရှိသူ ၃ ဦး ယင်းကျွန်း ပေါ်သို့ ဩဂုတ်လ ၁၈ ရက်နေ့က သွား ရောက်ခဲ့ကြောင်း ကော့သောင်းခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနထံမှ သိရသည်။

မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံရုံးမှ အတွင်းဝန် အပါအဝင် ၃ ဦးနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ညွှန်မှူး ၁ ဦးတို့က ယင်းကျွန်းပေါ်သို့ လာရောက် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“အမည်စာရင်းတွေ ယူသွားပြီး သူတို့နိုင်ငံစာရင်းနဲ့ တိုက်ကြည့်မယ်။ အမည်စာရင်းပါရင်တော့ နှစ်နိုင်ငံ အစိုးရ ညှိနိုင်းပြီး ပြန်ခေါ်ယူမည်”ဟု ခရိုင် ထွေအုပ်ရုံး တာဝန်ရှိသူက အထက်ပါ ဘင်္ဂါလားဒေ့ရှ် တာဝန်ရှိသူများ၏ ပြောကြားချက်ကို ကိုးကားပြီး ပြော သည်။

လက်ရှိတွင် ဘင်္ဂါလီ လူမျိုး ၁၀၄ဦး ကို အုပ်ချုပ်ရေးဌာန၊ လူမှုဝန်ထမ်းနှင့်ပြန် လည်နေရာချထားရေး ဦးစီးဌာနတို့မှ ကျွေးမွေး စောင့်ရှောက်ထားကြောင်း သိရ သည်။
တရားမဝင်ခိုးဝင်လာသည့် ဘင်္ဂါလီ လူမျိုး ၁၀၆ဦးကို မြန်မာ့ရေတပ်မှ စောင်းကောက် ကျွန်းပေါ်တွင် ဇူလိုင်လ ၁၃ရက်နေ့က ဖမ်းဆီးရမိခဲ့သည်။