ဘုတ်ပြင်းမြို့နယ် NLD လူငယ် တာဝန်ခံ အဖမ်းခံရ

0
474

ဘုတ်ပြင်းမြို့နယ် NLD လူငယ် တာဝန်ခံအား မြို့နယ် ထွေ ^အုပ်နေ အိမ်ကို ခဲဖြင့် ပေါက်သည် ဟု စွပ်စွဲကာ ဩဂုတ်လ ၁၅ ရက်နေ့တွင် ဘုတ်ပြင်း ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်ဟု ဖမ်းဆီးခံ ရသည့် လူငယ်၏ မိသားစုဝင်များထံမှ သိရသည်။

ဖြစ်စဉ်မှာ ဇူလိုင်လ ၂၅ ရက်နေ့ ညတွင် မင်္ဂလာပွဲမှ ပြန်လာသည့် NLD လူငယ်တာဝန်ခံအား ဘုတ်ပြင်း မြို့နယ်ရဲမှူးနှင့် ရဲအုပ်တို့က ဘုတ်ပြင်း မြို့နယ် အုပ်ချုပ်ရေးမှူး နေအိမ်ကို ခဲဖြင့် ပေါက် သူအား ဖော်ထုတ်ပေးရန် နေအိမ် တွင် လာရောက် အကူအညီတောင်းခဲ့ သည်ဟု အဖမ်းခံထားရသည့် ကိုနီရဲ၏ဖခင် ဦးသောင်းညွန့်က ပြော သည်။

“အိမ်လာပြောတုန်းက သား ဆိုင်ကယ်နောက်က ကလေးတွေ ပစ် တယ်၊ အဲဒီကလေးတွေ ဘယ်သူဆိုတာ ပြောပေးဖို့လာ အကူအညီ တောင်း တာပဲ။ အခုက ဒီလို မဟုတ်တော့ဘူး ၊ ရန်ကုန်အစည်းအဝေးက ပြန်လာတဲ့ သားကို လမ်းပိုင်းက ဆီးဖမ်းပြီး အချုပ်ထဲထည့် အမှုဖွင့်တယ်။ ရိုက်ပုတ် နှိပ်စက်မူတွေ လုပ်ထားတယ်”ဟု ဖခင်ဖြစ်သူက ပြောပြသည်။
nld-youth
လက်ရှိ အဖမ်းခံထားရသည့် ကိုနီရဲ၏ ဆိုင်ကယ်နောက်တွင် ဆိုင် ကယ်သုံးစီးပါလာသည်ကို တွေ့ရသည် ဟု အထက်ပါ ထွေ ^ အုပ်ရုံးမှ စာရေးက ပြောသည့်အတွက် အိမ်သို့ ယင်းသို့ လာမေးခဲ့ခြင်း ဖြစ်သည်ဟု သိရကြောင်း ကိုနီရဲ၏ မိဘများက ပြောပြသည်။
လာရောက် မေးမြန်းစဉ်ကလည်း ခဲဖြင့် ပေါက်သည့် ဖြစ်စဉ်ကိုရော ၎င်းနောက်တွင် အခြားသူများ ပါလာ သည်ကိုပါမသိဟု ကိုနီရဲက ပြန်ဖြေခဲ့ ကြောင်း ၎င်းတို့က ပြောသည်။

ဖမ်းဆီးခံရပြီး နောက်တစ်နေ့ ညနေပိုင်းတွင်သာ တစ်ကြိမ်တွေ့ခွင့်ရပြီး နောက်ပိုင်းနေ့များတွင် စကားပြောခွင့် မပြုတော့ဟု ကိုနီရဲ၏ မိဘများက ပြော သည်။
ယင်းသို့ တွေ့ခွင့်ရစဉ်တွင် နံပါတ် တုတ်ဖြင့် ရိုက်နက်ခံရသည်ဟု ကိုနီရဲက ပြောပြပြီး မျက်နှာဖူးယောင်ကာ ခြေ သလုံးလည်း ညိုမဲနေသည်ကို တွေ့ရ ကြောင်း ၎င်းတို့က ပြောသည်။

ယခုကဲ့သို့ မျက်မြင်သက်သေမရှိဘဲ စွပ်စွဲ ဖမ်းဆီးထားသည့်ကိစ္စကို အမှုမှန် ပေါ်ပေါက်ရေးနှင့် တရားမျှတမှု ရှိရေး အတွက် တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ တိုင်ကြားစာ ပေးပို့သွားမည်ဖြစ်ကြောင်း ဦးသောင်းညွန့်က ပြောသည်။

ကိုနီရဲအား ဖမ်းဆီးသည့် ကိစ္စနှင့် ပတ်သက်ပြီး အခြေအနေအသေးစိတ်ကို သိနိုင်ရန် ဘုတ်ပြင်းမြို့နယ် ရဲတပ်ဖွဲ့သို့ ဆက်သွယ်မေးမြန်းရာ ယင်းအမှုကို စခန်းမှူးကိုယ်တိုင် ကိုင်တွယ်နေသည့် အတွက် ဖြေကြားခွင့် မရှိဟု တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ထို့ကြောင့် ဘုတ်ပြင်းမြို့နယ် ရဲတပ်ဖွဲ့ စခန်းမှူးအား တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းရန် အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း တယ်လီဖုန်းလိုင်း အခက်အခဲကြောင့် ယခုသတင်း အပြီး သတ်သည့် ဩဂုတ်လ ၂၂ ရက်နေ့ ည ၇ နာရီအထိ ဆက်သွယ်၍ မရခဲ့ပေ။