တနင်္သာရီ – မောတောင် လမ်း ပိုင်း တစ်နေရာ မြေကျွံ၊ ယာဉ်နှစ်စီး ချိုင့်ထဲ ပြုတ်ကျ

0
429

မြိတ်ခရိုင် တနင်္သာရီမြို့နယ်ရှိ တနင်္သာရီ- မောတောင်လမ်းပိုင်း တစ်နေ ရာတွင် ဩဂုတ်လ ၁၉ ရက်နေ့ နံနက် ၁၁ နာရီခွဲခန့်က လမ်းမြေသား ကျွံကျ သဖြင့် ဆောက်လုပ်ရေး လုပ်ငန်းသုံး ယာဉ်နှစ်စီး ချိုင့်ထဲ ပြုတ်ကျခဲ့ကြောင်း တနင်္သာရီမြို့နယ်သို့ ပြေးဆွဲနေသည့် ယာဉ်လိုင်းများထံမှ သိရသည်။

တနင်္သာရီမြို့ မရောက်မီ ၄ မိုင်ခန့် အကွာရှိ လယ်တောင် ယာရွာအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မြိတ်အများပိုင် ကုမ္ပဏီ လမ်းလုပ်ငန်းအဖွဲ့၏ ၁၀ ဘီး တပ် မြေသယ်ယာဉ်တစ်စီးနှင့် ရေသည် ယာဉ်တစ်စီး မြေကျွံကျသည့် ချိုင့်ထဲ ပြုတ်ကျခဲ့ကြောင်း ယင်းကုမ္ပဏီ၏ တနင်္သာရီမြို့နယ် မောတောင်လမ်းပိုင်း တာဝန်ခံ ဦးသံချောင်းက ပြောသည်။
dawei-maungtaw-road

မြေသားမှာ တဖြည်းဖြည်း ကျွံကျ သွားခြင်းဖြစ်သည့်အတွက် ပြုတ်ကျခဲ့ သည့် ကားများတွင် ယာဉ်မောင်းများပါ သော်လည်း တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာ မရဟု သိရသည်။

” မိုးဆက်တိုက်ရွာရင် ထပ်ဖြစ်နိုင် တယ်”ဟု မြိတ်ခရိုင် ပြည်သူ့ဆောက်လုပ် ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ဆို သည်။
လက်ရှိတွင် ယင်းမြေကျွံသည့် နေရာတွင် ဒေသခံများနှင့် ခရီးသွားများ အန္တရာယ်ကင်းစေရန် သတိပေးလမ်း ညွှန်ဆိုင်းဘုတ်များ တပ်ဆင်ပေးထားပြီး ညပိုင်း မောင်းနှင်မည့် ယာဉ်များအတွက် လည်း အချက်ပြမီးများ တပ်ဆင်ထားသည် ဟု အထက်ပါ တာဝန်ရှိသူကပြောသည်။

အလျား ပေ ၃၀၀ ၊ အနံ ပေ ၇၀နှင့် အနက် ပေ ၄၀ ခန့် မြေသားကျွံကျခဲ့ပြီး တောင်ကျရေများ စိမ့်ဝင်လှိုက်စားမှု ကြောင့် လမ်းမြေသားအောက်တွင် လိုဏ် ခေါင်းဖြစ်ကာ ကျွံကျခဲ့ခြင်းဖြစ်ကြောင်း တနင်္သာရီမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သူက ရှင်းပြသည်။
လမ်းမြေသား ကျွံကျခဲ့သော် လည်း တောင်ကပ်လမ်း အကျယ် ပေ ၂၀ ခန့်ရှိ သေးသည့်အတွက် တနင်္သာရီ-ဘုတ် ပြင်း- ကော့သောင်း ယာဉ်လိုင်းများနှင့် မောတောင် ယာဉ်လိုင်းများ ပုံမှန်အတိုင်း ပြေးဆွဲနေကြောင်း ယာဉ်လိုင်း အသိုင်း အဝိုင်းမှ သိရသည်။