ကော့သောင်း ယာဉ်တိုက်မှုများတွင် အသက် ၂၀ အောက် လူငယ်အများဆုံး

0
466

ကော့သောင်းတွင် ဖြစ်ပွားသည့် ယာဉ်တိုက်မှုများတွင် အသက် ၂၀ အောက်လူငယ်များ အများဆုံး သေဆုံး ကြောင်း ကော့သောင်းမြို့နယ် ယာဉ်ထိန်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ယခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လ တတိယအပတ်အထိ စာရင်းအရ ကော့သောင်းတွင် ယာဉ်တိုက်မှု ၄၄ မှု ဖြစ်ပွားခဲ့ရာ ၁၅ ဦး သေဆုံးပြီး ၅၉ ဦး ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ကြောင်း အထက်ပါ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုရဲမှူး မောင်မျိုးက ပြောသည်။

အထက်ပါ သေဆုံးသူများ အားလုံး သည် အသက် ၂၀ အောက် လူငယ် များဖြစ်ပြီး အသက် ၁၇ နှစ်အောက် များလည်း ပါဝင်ကြောင်း သိရသည်။
” လူငယ်တွေကို ယာဉ်မောင်း လိုင်စင်ရှိမှ အသက်ပြည့်မှ ပေးမောင်း သင့်တယ်၊ ဆိုင်ကယ်စီးတတ်တာနဲ့ မဆင်မခြင် မောင်းတာ လူငယ်တွေပဲ ရှိတော့ သေတဲ့သူများတာပေါ့” ဟု ကော့သောင်းမြို့ခံ ဦးစိုးဝင်းက မှတ်ချက် ပြုသည်။

မိုးရွာသွန်းပြီးချိန် မြို့ပြင်တွင် အန္တရာယ် သတိပေးဆိုင်းဘုတ်များ စိုက် ထားသည့်နေရာများတွင် မဆင်မခြင် မောင်းနှင်သည့်အတွက် ထိခိုက် သေဆုံး မှုများ ဖြစ်လေ့ရှိပြီး သတိပေးဆိုင်းဘုတ် များကို မြင်ပါက ဆင်ခြင်မောင်းနှင်သင့် ကြောင်း ဒုရဲမှူးမောင်မျိုးက ပြောသည်။

” အသက်မပြည့်ဘဲ ဆိုင်ကယ် မောင်းတာကို အသိပညာပေးတာ အမြဲ လုပ်ပေမယ့် ပြည်သူတွေဘက်က လိုက် နာမှု အားနည်းနေတာ တွေ့ရတယ်” ဟု ၎င်းက ဆိုသည်။
၂၀၁၄ ခုနှစ်အတွင်း ကော့သောင်း မြို့နယ်တွင် ယာဉ်တိုက်မူ ၆၂ မှု ဖြစ်ပွားခဲ့ပြီး ၂၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။