မြိတ်တွင် ဌာနဆိုင်ရာ စုပေါင်းရုံး စတင်ဖွင့်လှစ်

0
483

မြိတ်ခရိုင် မြိတ်မြို့နယ် ဈေးတန်း ရပ်ကွက် ရုံးလမ်းရှိ ယခင်တိုင်းဒေသကြီး ရုံးဟောင်းတွင် ဩဂုတ်လ ၁၂ ရက်နေ့ မှစပြီး ဌာန ဆိုင်ရာ စုပေါင်းရုံး စတင် ဖွင့်လှစ်ခဲ့ကြောင်း ယင်းရုံး တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

ယင်းစုပေါင်းရုံးတွင် မြို့နယ် အထွေ ထွေ အုပ်ချုပ်ရေးရုံး၊ စည်ပင်၊ အခွန်ရုံး၊ လျှပ်စစ်ဌာန၊ ငါးလုပ်ငန်း၊ မြေစာရင်း၊ ကျန်းမာရေးနှင့် မှတ်ပုံ တင်ရေး ဦးစီးဌာန စသည့် ဌာန ၈ ခု စုပေါင်းထားသည်ဟု သိရသည်။
“သက်ဆိုင်ရာ ဌာနတွေမှာ လုပ်ရ မယ့်ကိစ္စတွေကို တစ်နေရာ တည်းအပြီး လုပ်ပေးသွားမယ်” ဟု အထက်ပါ တာဝန် ရှိသူက ဆိုသည်။
ယင်းစုပေါင်းရုံး ဖွင့်လှစ်ထား သည့် အဆောက်အအုံသည် မြိတ်မြို့၏ သမိုင်း ဝင်အဆောက်အအုံ တစ်ခုဖြစ်ပြီး မြိတ် အရေးပိုင် မောရစ်ကော့လင်း နေထိုင်ခဲ့ သည်ဟု မြို့ခံတချို့ထံမှ သိရသည်။