မွန်ပြည်နယ် ကဗျာဝ ကမ်းခြေ စီမံကိန်း ပွင့်လင်းရာသီစမည်

0
659

မွန်ပြည်နယ်တောင်ပိုင်း ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ အတွင်းရှိ ကဗျာဝကမ်း ခြေ စီမံကိန်းကို လာမည့် ပွင့်လင်းရာသီ တွင် လုပ်ငန်း စတင်မည်ဖြစ်ကြောင်း ယင်းစီမံကိန်းကို အကောင်အထည်ဖော် မည့် Aurum Company Limited ၏ မန်းနေဂျင်းဒါရိုက်တာ ဦးဌေးသွင်က ပြော သည်။

ရေးမြို့မှ ၇ မိုင်ခန့် ဝေးသည့် ကဗျာဝ ကမ်းခြေတွေ အကောင်အထည်ဖော် မည့် စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၁၂ သန်းခန့် ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး အဆင့် မြင့် တည်းခိုခန်း ၁၂၀ အပါအဝင် ဟိုတယ် ရုံးခန်း၊ ကားရပ်နားသည့်နေရာ၊ စားသောက်ခန်း၊ ဝန်ထမ်းအိမ်ရာနှင့် ရေကူးကန်များ ပါဝင်မည်ဟု ဦးဌေးသွင် က ပြောသည်။

“ကုမ္ပဏီအနေနဲ့ နိုင်ငံခြား ရင်းနှီး မြုပ်နှံသူတွေနဲ့ အဆင်သင့်ဖြစ်နေပေ မယ့် မြေတိုင်းတာတဲ့လုပ်ငန်းတွေ မပြီး သေးတာရယ်၊ မိုးများလွန်းတာတွေရယ် ကြောင့် လာမယ့် ပွင့်လင်းရာသီ မှာတော့ အကောင်အထည် ဖော်ဖြစ်မှာ ပါ” ဟု ၎င်းက ဆိုသည်။
ယင်းစီမံကိန်းအား အထက်ပါ ကုမ္ပဏီအား ခွင့်ပြုထားပြီးဖြစ်သည် ဟု မွန်ပြည်နယ်အစိုးရထံမှ သိရသည်။

ဒေသဖွံ့ဖြိုးမှုအတွက် ကျေးရွာ ချင်း ဆက်လမ်းများ၊ အဆင့်မြင့် ကျန်းမာရေး ဌာန၊ ကျေးလက်စာကြည့်တိုက်များအပြင် ဒေသခံများပါ ပါဝင်ရောင်းချနိုင်သည့် အဆင့်မြင့်ဈေး တစ်ခုလည်း တည်ဆောက် သွားမည်ဟု အထက်ပါကုမ္ပဏီမှ သိရ သည်။
ကဗျာဝကမ်းခြေသည် ကဗျာဝ ကျေးရွာအနီးမှ မန်ကျည်းချောင်းဝထိ တောင်နှင့်မြောက် ၈ မိုင်ခန့် ရှည်လျား သည့် သောင်ပြင်တစ် လျှောက်တွင် ဇုန် ၄ ခုခွဲကာ အကောင် အထည်ဖော်မည် ဖြစ်ပြီး စီမံကိန်းတစ်လုံး ပြီးစီးရန် ၂ နှစ် ခန့် ကြာမည်ဟု သိရသည်။

“အရင်က ဘာမှမရှိ ဘယ်သူမှ မလာတာနဲ့ စာရင်ပေါ့၊ ကိုယ့်ဒေသ ဒီလိုဖြစ်လာမယ့်အရေး ကြိုဆိုတယ်” ဟု ခေါဇာဒေသခံ တစ်ဦးက ပြော သည်။
ယခင်က လူသူ အရောက် ပေါက် နည်းပြီး မြေဈေး အနည်းငယ်သာရှိ သည့် ကဗျာဝကမ်းခြေဒေသ တစ်ဝိုက် တွင် အဆိုပါ စီမံကိန်း အကောင်အထည်ဖော် မည်ဟု သတင်းထွက်ပေါ်လာပြီးနောက် ထိုဒေသကို စိတ်ဝင်စားလာသည့် စီးပွား ရေး လုပ်ငန်း ရှင်များ၊ ကမ်းခြေကို လာ ရောက် လည်ပတ်သူများဖြင့် စည်ကား လာ ခဲ့သည်ဟု ခေါဇာဒေသခံ တစ်ချို့ ထံမှ သိရသည်
ထို့အပြင်မြေဈေးများလည်း အဆမ တန် မြင့်တက်သွားခဲ့သည်ဟု အထက်ပါ ဒေသခံများက ပြောသည်။