အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ ကော့သောင်းတွင် ရွေးကောက်ပွဲ ဝင်မည်

0
472

သမ္မတ ဦးသိန်းစိန် အစိုးရ၏ နိုင်ငံ ရေး အကြံပေး အဖွဲ့ဝင်ဟောင်းတစ်ဦး ဖြစ်သည့် ဦးနေဇင်လတ် ခေါင်းဆောင် သည့် အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီမှ ကော့သောင်းမြို့နယ်တွင် မဲဆန္ဒ နယ် ၃ နေရာ ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း ဝင်ရောက် အရွေးခံမည့် ပါတီ ကိုယ်စားလှယ်လောင်းများထံမှ သိရသည်။

ယင်းပါတီမှ ကော့သောင်းမြို့နယ် အတွင်း အမျိုးသားလွှတ်တော်၊ တိုင်း ဒေသကြီးလွှတ်တော် (၁)၊ တိုင်းဒေသ ကြီးလွှတ်တော် (၂) နေရာများတွင် ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း တိုင်းဒေသကြီးလွှတ်တော် (၂)နေရာ ဝင်ရောက် အရွေးခံမည့် ဦးကျော်ကျော် ခိုင်က ပြောသည်။

အမျိုးသား လွှတ်တော် နေရာ တွင် ဦးစိုးမိုးကျော် ၊ တိုင်းဒေသကြီး လွှတ် တော် (၁) နေရာကို ဦးတင်မောင် ထွေးတို့က ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး “ပါတီ မှတ်ပုံတင်ကြေး သွင်းပြီးပြီ၊ ကျမ်းလည်း ကျိန်ပြီးပြီ၊ ပါတီ စည်းရုံးရေး လူပ်ရှားဖို့ပဲ ကျန်တော့တယ်” ဟု ဦးကျော်ကျော်ခိုင်က ပြောသည်။
ယင်းပါတီသည် မြိတ်ခရိုင်တွင် မြို့နယ် ၂ ခုတွင် မဲဆန္ဒနယ် ၃ ခုတွင် ရွေးကောက်ပွဲဝင်မည်ဟု သိရသည်။

လက်ရှိအချိန်ထိ အမျိုးသား တိုးတက်ရေး ပါတီအနေဖြစ် တိုင်းဒေသ ကြီးအတွင်း ပါတီဝင်အင်အားမည်မျှရှိ သည်ကို မသိရသကဲ့သို့ ရုံးခန်းလည်း မရှိသေးကြောင်း သိရသည်။
အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီသည် တိုင်းဒေသကြီး ၇ ခုနှင့် ပြည် နယ်တချို့တွင် ကိုယ်စားလှယ်လောင်း ၂၅၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ် ကြောင်း ဇူလိုင်လ ၂၈ ရက်နေ့ ရက်စွဲဖြင့် ဒီဗွီဘီ အင်တာနက် သတင်းစာမျက်နှာ တွင် ဖော်ပြသည်။