အုပ်ချုပ်ရေးမှူးရုံးသစ် မြေနေရာကို ယခင်မြေပိုင်ရှင်ဆိုသူ ကန့်ကွက်

0
437

မြိတ်မြို့နယ် ကဟန်းကျေးရွာ အုပ်စု တောင်ဖီလာကျေးရွာတွင် အသစ် ဆောက်လုပ်မည့် အုပ်ချုပ်ရေးမှူးရုံး မြေနေရာကို ယခင်မြေပိုင်ရှင် ဆိုသူက ကန့်ကွက်နေကြောင်း ယင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအင်ထွန်းလေးထံမှ သိရသည်။

ယခင်ပိုင်ရှင်ဆိုသူက ယင်းမြေနေ ရာအတွက် လျော်ကြေးငွေကျပ်ငါးသိန်းနဲ့ ကျေနပ်မည်ဟု ပြောလာသော်လည်း အုပ်ချုပ်ရေးမှူး တစ်ယောက်အနေဖြင့် ရွာတွင် ကောက်ခံပြီးပေးရန် မဖြစ်နိုင် သဖြင့် အငြင်းပွားနေရကြောင်း အုပ်ချုပ် ရေးမှူးက ပြောသည်။

“အရင် ရုံးဟောင်းဆောက်လုပ် တုန်းက မြေကို လှူဒါန်းထားပြီးသား ပါ၊ အခု အသစ်ဆောက်မှ အရင်ပိုင် ရှင်ဆိုတဲ့သူက သူပိုင်တယ်ဆိုပြီး ဆောက်ခွင့်မပေးဘူး”ဟု အုပ်ချုပ်ရေးမှူး ဦးအင်ထွန်းလေးက ဆို သည်။

အုပ်ချုပ်ရေးမှူး ရုံးဟောင်းကို ဆောက်လုပ်ထားသည်မှာ ၁၆ နှစ် ခန့်ရှိ နေပြီး ပျဉ်ခင်း၊ ပျဉ်ကာ၊ ဓနိမိုး တစ်ထပ် ဆောင်ဖြစ်ကာ ယခု အသစ်ဆောက် လုပ်ခြင်းသည် ၂၀၁၅-၂၀၁၆ ဘဏ္ဍာ နှစ်တွင် တနင်္သာရီတိုင်း ဒေသကြီး၏ ဖွံ့ဖြိုးရေးရံပုံငွေ ငွေကျပ်သိန်း ၁၂၀ဖြင့် Rဃ အမျိုးအစား တစ်ထပ်တိုက်ဆောက် လုပ်မည် ဖြစ်ကြောင်း အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

ရုံးဆောက်ရန် ရန်ပုံငွေလည်း ရပြီးဖြစ်၍ ဆက်အငြင်းပွားနေပါက ရွာအတွက်ရမည့် ငွေတခြားရွာ ရောက်သွားမည်စိုးသဖြင့် ၎င်း အိမ်ရှေ့ရှိ ပေ ၃၀ ၊ ပေ ၅၀ မြေကွက် တွင်ရုံးအသစ် ဆောက်ခွင့်ပေးလိုက်သည်ဟု ဦးအင် ထွန်းလေးက ရှင်း ပြသည်။
အုပ်ချုပ်ရေးမှူးရုံး အသစ် ဆောက် လုပ်သည့်မြေကို ကန့်ကွက်သည်နှင့် ပတ်သက်ပြီး အသေးစိတ် သိနိုင်ရန် ယခင်ပိုင်ရှင်ဆိုသူ တော်ဖီလာကျေးရွာနေ ဦးထွန်းရှိန်ထံသို့ တယ်လီဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းခဲ့သော် လည်း တစ်ဆင့် ခေါ်ဖုန်းတွင် ကိုယ်တိုင် လာရောက် ဖြေကြားခြင်း မရှိခဲ့ပေ။