AMDP အမျိုးသမီး ကိုယ်စား လှယ်လောင်း လျာထားချက် မပြည့်

0
510

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ (AMDP) သည် လာမည့် ရွေး ကောက်ပွဲအတွက် အမျိုးသမီး ကိုယ်စား လှယ်လောင်း ၃၀ ရာခိုင်နှုန်း ပါဝင်နိုင်ရန် လျာထားသော်လည်း လျာထားချက် မပြည့်ဘဲ အမျိုးသမီး ကိုယ်စားလှယ် ၅ဦး (၁၅ ရာခိုင်နှုန်းခန့်)သာ ပါဝင်နိုင် သည်ဟု ယင်းပါတီ ပြောရေးဆိုခွင့်ရှိသူ နိုင်စံတင်က ပြောသည်။

ကနဦးလျာထားချက်မှာ လူငယ်နှင် အမျိုးသမီးကို ဦးစားပေးရန်ဖြစ်သော် လည်း အမှန်တကယ် ဖိတ်ခေါ်ချိန်တွင် အမျိုးသမီးကို ဦးစားပေး ဖိတ်ခေါ်ခဲ့ ကြောင်း နိုင်စံတင်က ပြောသည်။
“အမျိုးသမီးအဖွဲ့နဲ့ ချိတ်ဆက်တယ်၊ မလာကြဘူး”ဟု ၎င်းက ဆိုသည်။
ယင်းသို့ လျာထား အမျိုးသမီး ကိုယ်စားလှယ်လောင်း မပြည့်မီခြင်း သည် ရွေးကောက်ပွဲနီးမှ ဖိတ်ခေါ်ခြင်း၊ လျာထား သူများသည်လည်း လူမှုရေး အဖွဲ့အစည်းများဖက် ရောက်သွားခြင်းနှင့် အခြား အကြောင်းအချက်များကြောင့်ဟု ပါတီ၏ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးအောင်နိုင်ဦးက မှတ်ချက်ပြု သည်။

“ပါတီရဲ့ ၅ နှစ်တာကာလအတွင်းမှာ အမျိုးသမီး ကဏ္ဍကို ဘယ်လိုမျိုး တိုး တက်မြင့်မားအောင် လုပ်မယ်ဆိုတဲ့ စူညေ တွေ မရှိခဲ့ဘူး”ဟု ဦးအောင်နိုင်ဦးက ဆို သည်။
နိုင်ငံရေးနှင့် အလှမ်းဝေးခဲ့ရသည့် အမျိုးသမီးများအတွက် နိုင်ငံရေးထဲဝင်ရန် ဖိတ်ခေါ်သည်ထက် အမျိုးသမီးများ တောင်းဆိုနေသည့် Quoto Systemကို နိုင်ငံရေး ပါတီတွေအနေဖြင့် လက်ခံ ကျင့်သုံးပေးသင့်ပြီး ပါတီများတွင် အမျိုး သမီး ၃၀ ရာနှုန်းပါဝင်ခွင့်ကို ပါတီမူဝါဒ တစ်ခုအနေဖြင့် ထည့်စေချင်ကြောင်း Women and Empowerment Program officer မိချယ်ရီစိုးက ပြော သည်။
AMDP မှ ရွေးခံမည့် အမျိုးသမီး ကိုယ်စားလှယ်လောင်းများမှာ မွန်ပြည် နယ် အမျိုးသားလွှတ်တော် အမှတ်(၃)တွင် မိမြင့်မြင့်ဝေ၊ အမျိုးသားလွှတ်တော် အမှတ် (၆) တွင် မိသဇင်ထွေး၊ အမျိုးသား လွှတ်တော် အမှတ် (၈)တွင် မိမြင့်သန်းနှင့် ပြည်နယ်လွှတ်တော် မိလဝီဟန်၊ ကရင် ပြည်နယ် အမျိုးသားလွှတ်တော် အမှတ် (၁၂)တွင် မိကေသီခိုင် (မိသိုက်ခမာ) တို့ ဖြစ်သည်။

AMDP သည် လာမည့် ရွေးကောက် ပွဲတွင် မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီ တိုင်းဒေသကြီးတို့တွင် မဲဆန္ဒ နယ် ၃၅ နေရာ ဝင်ပြိုင်မည်ဖြစ်ကြောင်း ဩဂုတ်လ ၁၄ ရက်နေ့တွင် ထုတ်ပြန် သည့် ကိုယ်စား လှယ်လောင်း စာရင်းအရ သိရသည်။
ယင်းပါတီသည် ၂၀၁၀ ရွေးကောက် ပွဲတွင် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် အတွင်းရှိ မဲဆန္ဒနယ် ၃၄ နေရာတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကာ ကိုယ်စားလှယ် ၁၆ နေရာ အရွေးချယ်ခံထားရသည်။