ကော့သောင်း ပင်လယ်ရေပြင်တွင် မိုဘိုင်းအဖွဲ့ စတင် ကင်းလှည့်

0
480

ကော့သောင်း ပင်လယ် ရေပြင် တွင် ဖြတ်သန်းသွားလာသည့် ရေယာဉ် များကို တရားမဝင် ကုန်ပစ္စည်းများ ထိန်းချုပ် တားဆီးရေး (ဗဟိုကော်မတီ) Mobile Team မှ ဩဂုတ်လမှစပြီး စတင် စစ်ဆေးလျက်ရှိကြောင်း တနင်္သာရီ တိုင်းဒေသကြီး ကုန်သွယ်မှု မြှင့်တင်ရေး နှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ တိုင်း ဒေသကြီး ဦးစီးမှူး ဦးကျော်စွာဝင်းထံမှ သိရသည်။

သူဌေးကျွန်းနှင့် မွေတော်ကျွန်း ကြား ရေပြင်အတွင်း ယာဉ်များသွားလာ မှုကို ကင်းလှည့်ရေယာဉ် ၂ စီးဖြင့် စစ် ဆေးလျက်ရှိကြောင်း ဦးကျော်စွာဝင်းက ပြောသည်။

“ဇူလိုင်လ တစ်လလုံးပညာပေး ကာလအနေနဲ့ လုပ်ဆောင်ပြီး ဩဂုတ် လ ၁ ရက်မှ စပြီး လှုပ်ရှားနေပြီ” ဟု ဦးကျော်စွာဝင်းက ဆိုသည်။
ကော့သောင်း နယ်စပ်ဂိတ်တွင် ကုန်သွယ်မှု ကျလာသည့်အတွက် ယင်း သို့ ကင်းလှည့် စစ်ဆေးခြင်း ဖြစ်ပြီး ရပ် နားရန် ညွှန်ကြားချက် မရောက်မခြင်း စစ်ဆေးမည်ဟု အထက်ပါ ဦးစီးမှူးက ပြောသည်။

လက်ရှိ ကင်းလှည့်သည့် အစီ အစဉ်သည် ကော့သောင်း ပင်လယ်ပြင် တွင် ဘင်္ဂါလီများကို ဖမ်းဆီးရမိမှုနှင့် မူးယစ်ဆေးဝါးများ အမြောက်အမြား ဖမ်းဆီးရမိမှုနှင့် ဆက်စပ်မှု ရှိမရှိကို မေးမြန်းရာ ယင်းကိစ္စနှင့်ပတ်သက်ပြီး ရေကြောင်း ရဲတပ်ဖွဲ့ကိုသာ မေးရန် ဦးစီးမှူး ဦးကျော်စွာဝင်းက ပြောသည်။
အဖွဲ့အား ကုန်သွယ်ရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ မြန်မာနိုင်ငံ ရေကြောင်းရဲတပ်ဖွဲ့တို့မှ တာဝန် ရှိသူများ၊ မြို့နယ် ဖွံ့ဖြိုးတိုးတက် ရေးအဖွဲ့ ကိုယ်စားလှယ်၊ ကော့သောင်း ကုန်သည်အသင်းမှ ကိုယ်စားလှယ်နှင့် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနမှ မီဒီယာအဖွဲ့များဖြင့် ဖွဲ့စည်းထားသည်ဟု သိရသည်။