ထားဝယ်ပါတီ ကိုယ်စားလှယ် လောင်း ၁၃ နေရာ ပြိုင်မည်

0
509

လာမည့် နိုဝင်ဘာလ ၈ ရက်နေ့ တွင် ကျင်းပမည့် အထွေထွေရွေး ကောက်ပွဲတွင် ကိုယ်စားလှယ် လောင်း ၁၄ နေရာ ဝင်ပြိုင်မည်ဟု သတင်း ထုတ်ပြန်ထားသည့် ထားဝယ် တိုင်းရင်း သားပါတီမှ ကိုယ်စားလှယ် လောင်း ၁၃ နေရာသာ ဝင်ပြိုင်တော့မည်ဟု ယင်း ပါတီ ဥက္ကဋ္ဌ ဦးအေးမင်းက ပြောသည်။

သရက်ချောင်းမြို့ တိုင်းဒေသ ကြီး မဲဆန္ဒနယ် ၁ တွင် ဝင်ရောက် ယှဉ်ပြိုင် မည့် အမျိုးသမီး ကိုယ်စားလှယ်လောင်း တစ်ဦး ကျန်းမာရေး အခြေအနေကြောင့် နုတ်ထွက်ခဲ့သဖြင့် ယင်းသို့ တစ်နေရာ လျော့သွားခြင်းဖြစ်ကြောင်း ယင်းပါတီ ထံမှ သိရသည်။

ထားဝယ်တိုင်းရင်းသားများ ပါတီ သည် ပြီးခဲ့သည့် လပိုင်းက ကိုယ်စား လှယ်လောင်း နေရာ ၂၀ ဝင်ပြိုင် မည်လျာထားခဲ့ပြီး မဲဆန္ဒနယ် တချို့တွင် မဲမကွဲစေရန်နှင့် ဒီမိုကရက်တစ် အင်အား စုများ အားကောင်းစေရန်အတွက် ယင်းသို့ လျှော့ချလိုက်ခြင်းဖြစ်ကြောင်း ပါတီဥက္ကဋ္ဌ ဦးအေးမင်းက ပြောသည်။
“လျှော့လိုက်တဲ့ မြို့နယ်တွေမှာ အရည်အသွေးပြည့်မီတဲ့ ကိုယ်စား လှယ်တွေ ရှိပါတယ်၊ ဒီမိုကရက်တစ် အင်အားစုတွေ အားကောင်းဖို့ အတွက် လျာထားတဲ့ ကိုယ်စားလှယ်တွေက အသိစိတ်နဲ့ ရှောင်လိုက်တာပါ” ဟု ဦးအေးမင်းက ဆိုသည်။

တနင်္သာရီတိုင်းအတွင်းရှိ ထားဝယ်၊ လောင်းလုံး၊ သရက်ချောင်း၊ ရေဖြူ မြို့နယ်နှင့် ကော့သောင်းမြို့နယ် တို့တွင် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ၃နေရာ၊ ပြည်သူ လွှတ်တော်ကိုယ်စားလှယ် ၃ နေရာနှင့် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ၇ နေရာတို့၌သာ ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။
၎င်းတို့အနက် အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ် နှစ်ဦး ပါ ဝင် သည်ဟုသိရသည်။
ထားဝယ် တိုင်းရင်းသားများ ပါတီသည် တိုင်းရင်းသားပါတီ ၂၂ ပါတီဖြင့် ဖွဲ့စည်းထားသော ညီ နောင် တိုင်းရင်းသားများ ဖက်ဒရေးရှင်း (NBF) ၏အဖွဲ့ဝင်ဖြစ်ကြောင်း ယင်း ပါတီထံမှ သိရ သည်။

ထားဝယ်တိုင်းရင်းသားများပါတီမှ တနင်္သာရီတိုင်းဒေသကြီးအတွင်း ဝင်ပြိုင်မည့် ကိုယ်စားလှယ်လောင်းစာရင်း

ထားဝယ်မြို့နယ်
၁။ စောကဲဒို –  တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်အမှတ် (၁)
၂။ ဦးအေးမင်း – တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်အမှတ် (၂)
၃။ ဒေါ်မြင့်မြင့်သိန်း-  ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်
လောင်းလုံးမြို့နယ်
၁။ ဦးညွှန့်ရွှေ- တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်အမှတ်(၁)
၂။ ဦးမောင်မောင်အေး-  တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်အမှတ်(၂)
၃။ ဦးစစ်ထွန်း-  ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်
၃။ ဒေါ်သီတာမိုး-  အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ်(၂)
သရက်ချောင်းမြို့နယ်
၁။ ဦးဝင်းရှိန် – တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ် အမှတ်(၂)
၂။ ဦးခင်မောင်စိုး – အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ်(၃)
ရေဖြူမြို့နယ်
၁။ ဦးကိုလေးလွင် – တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ် အမှတ်(၁)
၂။ ဦးစိုးသိန်း- အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ် (၄)
ကော့သောင်းမြို့နယ်
၁။ ဦးအောင်ဇာနည်စိုး – တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ် အမှတ်(၁)
၂။ ဦးသူရစိုး-  ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်