ဘုရားဌာန်(ဘုရားထံ)၊ ပြည်ကြီးမဏ္ဍိုင်

0
869

ဘုရားဌာန်ဒေသက တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်း မြို့နယ် ပြည်ကြီးမဏ္ဍိုင် မြို့နယ်ခွဲ အတွင်း တည်ရှိတယ်။

စစ်သုံးမြေပုံ ၉၆ M-၄ နှင့် မြောက်လတ္တီတွဒ် ၁၁ ဒီဂရီ ၁၃မိနစ် ၄၆.၆ စက္ကန့်၊ အရှေ့လောင် ဂျီတွဒ် ၉၉ ဒီဂရီ ၁၀မိနစ် ၃၄.၄ စက္ကန့် ဖြစ်တယ်။ တနင်္သာရီ တိုင်းဒေသကြီး မြို့တော် ထားဝယ်မြို့ကနေ ကားလမ်းအတိုင်း မိုင် ၃၀၀နဲ့ ၇ ဖာလုံ ဝေးတယ်။

ဒေသခံ ပြည်သူများရဲ့ ယုံကြည် ချက်အရ ကုန်းဘောင်ခေတ် မြန်မာနိုင်ငံ ကို တည်ထောင်တော်မူတဲ့ အလောင်းမင်း တရား ဦးအောင်ဇေယျဟာ ထိုင်း (ယိုးဒယား) နိုင်ငံကို စစ်ချီရာတွင် စခန်းချ ရပ်နားရာနေရာ ဖြစ်တယ်။ လွတ်လပ်ရေးရရှိပြီး နောက်ပိုင်း ကာလ များနှင့် ခေတ်အဆက်ဆက် နယ်စပ် ဒေသတစ်ခုဖြစ်တဲ့ ကိုးသဲလူရှေ့တန်း စခန်းအား ရိက္ခာပို့ရာတွင် ကြားစခန်း အဖြစ် အသုံးပြုကြကြောင်း သိရတယ်။

၂၀၁၂ ခုနှစ် မတ်လအတွင်း ဒေသခံ ဆရာတော်များနှင့် ပြည်သူများက ဘုရားဌာန်(ဘုရားထံ) တောင်တွင် စေတီ တစ်ဆူ တည်ထား ကိုးကွယ် နိုင်ခဲ့တယ်။ နယ်မြေဒေသ အေးချမ်းမှုနှင့်အတူ ဒေသ ခံ ရဟန်းတော်များနှင့် ပြည်သူလူထု၏ ကြိုးစားအားထုတ် မှုကြောင့် ၂၀၁၂ ခုနှစ် ဧပြီလမှာ ဘုရား ဌာန်ဒေသအတွင်း ဇရပ်အသစ် နှစ်ဆောင်၊ နတ်စင် တစ်စင် နှင့် ဘုရားဖူး လာရောက်ကြသူများ၊ လေ့လာသူများနှင့် စည်ကားလာပြီ ဖြစ် တယ်။

တနင်္သာရီတိုင်းဒေသကြီးရဲ့ ပြည် ထောင်စု လမ်းမကြီးပေါ်တွင် တည် ရှိသော ပြည်ကြီးမဏ္ဍိုင်မြို့မှ ရတနာပုံ သတ္ထုတွင်းသို့ ဆက်သွယ်ထားသော ကားလမ်းအတိုင်း သွားရောက်ရပြီး ၂၁ မိုင်လမ်းခွဲ (သို့) ၂၆မိုင် လမ်းခွဲမှ တဆင့် ဘုရားဌာန် တောင်သို့ သွားနိုင်ပါတယ်။ ပြည်ကြီး မဏ္ဍိုင်မြို့မှ ဘုရားဌာန်တောင် သို့ စုစုပေါင်း ၃၂ မိုင်ခန့် ဝေးတယ်။

ဘုရားဌာန်တောင်သည် ထုံးကျောက် တောင် အမျိုးအစားဖြစ်ပြီး ၄၇၀ ပေ မြင့်တယ်။ ရတနာပုံချောင်းနှင့် ဘုရား ဌာန်ချောင်းတွေက ဘုရား ဌာန်တောင်ရဲ့ အရှေ့မြောက်ဘက်တွင် ပေါင်းဆုံတယ်။ ဒီနောက် အနောက်မြောက်ဘက်တွင် တောင်ဘက်မှ စီးဆင်းလာသော ပိန်းချောင်းနှင့် ပေါင်းဆုံပါတယ်။ လေ့ လာရေးကာလအတွင်း ဂူများ တည်ရှိတဲ့ ဘုရားဌာန်ဒေသရှိ တောင်များဖြစ်သော ဘုရားဌာန်တောင်၊ ဒုတိယတောင်နှင့် တတိယတောင်တို့ရှိ ဂူများကို လေ့လာခဲ့တယ်။

ဘုရားဌာန်တောင်တွင် (၁) စေတီ တည်ရှိရာဂူ၊ (၂) ကျားဂူ၊ (၃) ကျောက် တိုင်ဂူ၊ (၄) တွင်းကျယ်ဂူ၊ (၅) အမည် မသိဂူ၊ (၆) ဆင်ဂူ၊ (၇) လင်းနို့ဂူ (၁)၊ (၈) ဦးအောင်ဇေယျပလ္လင်ဂူ၊ (၉)လေဂူ နှင့် (၁၀) ဘုရားဂူတို့ တည်ရှိပါတယ်။ ဒုတိယတောင်မှာ (၁၁) ရေဂူတည်ရှိပြီး တတိယတောင်တွင် (၁၂) လင်းနို့ဂူ(၂)နှင့် (၁၃) နဂါးဂူတို့ တည်ရှိပါတယ်။

(၁) စေတီတည်ရှိရာ ဂူက ဘုရား ဌာန်တောင်သို့ လာရောက်ကြသူများ ပထမဆုံး တွေ့ရှိရသည့် ဂူဖြစ်တယ်။ အမြင့်ပေ ၄၀ ခန့်တွင် တည်ရှိပြီး ဂူအလျား ၇၀ ပေ၊ အနံ ပေ ၃၀ ခန့်နှင့် အမြင့် ပေ ၃၀ ခန့် ရှိပါသည်။ ၂၀၁၂ ခုနှစ် မတ်လအတွင်း ယင်းဂူ ဘယ်ဘက် ခြမ်းတွင် စေတီတစ်ဆူကို ဒေသခံများ တည်ထား ကိုးကွယ်ခဲ့တယ်။

(၂) ကျောက်တိုင်ဂူက စေတီဂူရဲ့ လက်ယာဘက်၊ ယခုနတ်စင်အနီး တည် ရှိတဲ့ဂူ ဖြစ်တယ်။ မြေပြင်အထက် အမြင့် ၂၅ ပေခန့်တွင် တည်ရှိပြီး ဂူအတွင်း ၁၀ပေခန့် ပြန်လည် ဆင်း သက်ရတယ်။ ဂူအလျားပေ ၆၀၊ အနံ ပေ ၂၀၊ အမြင့် ၈ပေခန့် ရှိတယ်။ အတွင်းပိုင်းတွင် ဂူအခန်းများ တည်ရှိပြီး အထက်သို့ တက်သွားတယ်။ ကျောက် စက်မိုး မျှော်တိုင် (အမြင့် ၂ပေခန့်) တည်ရှိသဖြင့် ကျောက်တိုင်ဂူဟု ခေါ်ဆိုတယ်။

(၃) ကျားဂူက စေတီဂူကနေ သွားရင် ဒုတိယမြောက်ဂူ ဖြစ်တယ်။ ဂူဝင်ပေါက်ကျဉ်း၍ အလျား ၁၅ ပေခန့်၊ အနံ ၁၀ပေခန့်နှင့် အမြင့် ၆ ပေ ရှိတယ်။

(၄) တွင်းကျယ်ဂူက တတိယ မြောက်ဂူဖြစ်ပါသည်။ ဂူအလျား ၆၉ ပေ၊ အနံ ၂၅ပေနှင့် အမြင့် ၁၅ပေ ရှိ တယ်။

(၅) အမည်မသိဂူကတော့ တွင်း ကျယ်ဂူကနေမှ ဆက်လက်သွားပါတယ်။ လေ့လာရေး ခရီးစဉ်အတွင်း အချိန် လုံလောက်မှု မရှိသဖြင့် လေ့လာနိုင်ခြင်း မရှိခဲ့ပါ။

(၆) ဆင်ဂူက အရင်ဂူတွေနဲ့ ဆန့် ကျင်ဘက်ဖြစ်တဲ့ စေတီဂူတည်ရှိရာမှ လက်ဝဲဘက်လမ်း အတိုင်းသွားပါက ပထမဆုံး ဆင်ဂူသို့ ရောက်ရှိမည် ဖြစ် တယ်။ ဂူအလျားပေ ၁၂၀၊ အနံ ၂၅ပေ၊ အမြင့် ၁၅ ပေ ရှိတယ်။

(၇) လင်းနို့ဂူ(၁)က ဆင်ဂူမှ ဆက်လက်သွားပါက လင်းနို့ဂူ(၁)ကို ရောက်တယ်။ လင်းနို့များခို အောင်းနေ ထိုင်တယ်။ ဂူအလျားပေ ၂၁၀၊ အနံ ၃၀ ပေ၊ အမြင့် ၅၀ပေခန့် ရတယ်။

(၈) ဦးအောင်ဇေယျ ပလ္လင်ဂူက အခြားဂူများကဲ့သို့ အတွင်းပိုင်း ဝင် ရောက် သွားခြင်းမျိုးမဟုတ်ဘဲ တောင်အခြေ တစ်လျောက် တည်ရှိနေ တယ်။ အလောင်းမင်းတရား ဦးအောင် ဇေယျ စခန်းချရပ် နားစဉ် အသုံးပြုခဲ့ သည့် ပလ္လင်ဟုဆိုတဲ့ ကျောက်ပြားတစ်ခု ရှိတယ်။ ဒီကျောက်ပြားသည် အမြင့် ၁၉ ပေ၊ အလျား ၁၄.၅ ပေနှင့်အနံ ၆.၅ပေ ရှိတယ်။ ယင်းကျောက်တိုင် အနီး ကျောက်မောင်း (ကျောက်စက် ပန်းဆွဲ)များ ရှိတယ်။

(၉) ဘုရားဂူက စိတ်ဝင်စားဖွယ် အကောင်းဆုံးဂူတစ်ခု ဖြစ်တယ်။ ဂူရဲ့ အတွင်းပိုင်း အဆုံးတွင် အပေါ်ထပ် တစ်ခု တည်ရှိတယ်။ ဂူအတွင်းသို့ ဝင် ရောက်နိုင်သော လမ်း ၂ ခု တည်ရှိ တယ်။ ဂူအလျား ၁၆၇ ပေ၊ အနံ ၆၀ ပေနှင့် အမြင့် ၅၀ ပေရှိပြီး ဒုတိယထပ် သည် ပေ ၃၀ ခန့် အမြင့်တွင်တည်ရှိပြီး အကျယ် ၁၅ ပေခန့်အတွင်း တည်ရှိတဲ့ ကျောက်စက်ပန်းဆွဲများတွင် ဗုဒ္ဓရုပ်ပွား တော်များကို ထားရှိ ပူဇော်ထားတယ်။

(၁၀) လေဂူက ဘုရားဌာနတောင်ရှိ နောက်ဆုံးဂူဖြစ်တယ်။ ဂူ၏ပတ်ဝန်း ကျင်တွင် လေထွက်ပေါက်များ တည်ရှိ တယ်။ ဂူအတွင်းဝင်ရောက်ရာတွင် အလွန် ကျဉ်းမြောင်းပြီး တွင်းနက်များကို ဖြတ်သန်းသွားရတယ်။ အတွင်းဆုံး အပိုင်းတွင် တောင်ထိပ်ပိုင်းရှိအပေါက်မှ လေဝင်ရောက်နေသည်ကို တွေ့ရှိရတယ်။ ဂူအတွင်းပိုင်း ပြိုကျထားတာကိုလည်း တွေ့ရတယ်။

(၁၁) ရေဂူက ဘုရားဌာန်တောင် ရဲ့ တောင်ဘက်မှာ တည်ရှိတဲ့ တောင်တွင် တည်ရှိတယ်။ တောင်ခြေအတိုင်း ဂူဖြစ် တည်နေပြီး အလျား ပေ ၉၀၀ ၊ အနံ ၂၄ ပေနှင့် အမြင့် ၁၀ ပေ ရှိတယ်။ ထူးခြားချက်မှာ ဂူအစမှာ ရေချောင်း စတင်ပြီး ဂူအတိုင်း စီးဆင်းကာ တောင်ခြေမှ ပိန်းချောင်းအတွင်း စီးဝင် တယ်။ ရေဂူတွင် ဒုတိယအထပ်နှင့် တတိယအထပ်တို့လည်း တည်ရှိတယ်။ တတိယအထပ်မှ ဂူအပြင်ပိုင်းသို့ ထွက် ခွာနိုင်တယ်။ လင်းနို့ပေါင်း သိန်းနှင့်ချီပြီး နေထိုင်တယ်။ ဒုတိယ အထပ်ဂူခြေတွင် လင်းနို့ချေး ၃ ပေ အထူ ရှိသည်ကို တွေ့ရတယ်။

(၁၂) လင်းနို့ဂူ (၂)က ဘုရားဌာန် တောင်နှင့် ရေဂူတောင်အကြားတွင် တည်ရှိတဲ့ တောင်မှာ ရှိတယ်။ အဖြောင့် တန်းဆုံး တည်ရှိသော ဂူဖြစ်တယ်။ အလျား ၃၆၈ပေ၊ အနံ ၆၉ပေ၊ အမြင့် ၂၀ ပေ ရှိတယ်။

(၁၃) နဂါးဂူကမြေပြင် အထက် အမြင့်ပေ ၁၀၀ တွင် တည်ရှိပြီး အခန်း ၂ ရှိတယ်။ ဒုတိယအခန်းမှ တောင် အလယ် ဂူပေါက်သို့သွား ရောက်နိုင် တယ်။ ဂူအလျား ၂၂၀ ပေ၊ အနံ ၅၃ ပေနှင့် အမြင့် ၆၀ပေခန့် ရှိတယ်။

ဘူမိဗေဒ ပညာရှင်များ၏ အလို အရ တနင်္သာရီတိုင်းဒေသကြီးသည် လွန်ခဲ့သော နှစ်သန်းပေါင်း ၁၆၀က ပင်လယ်အတွင်းမှ ထွက်ပေါ် လာခဲ့ ကြောင်း၊ လွန်ခဲ့သော နှစ် ၁၀ သန်းခန့် တွင် ပင်လယ်ကမ်းရိုးတန်းဟာ ယခု လက်ရှိ အနေအထားထက် မိုင် ၂၀ ခန့် အတွင်း ရောက်နေမည်ဖြစ်ကြောင်း သိရတယ်။ ဘုရားဌာန်တောင်က ထုံးကျောက် တောင်အမျိုး အစားဖြစ်ပြီး ပင်လယ်ရေတိုက်စားမှုကြောင့် ဂူများ အဖြစ် ကျန်ရစ်ခဲ့ကြောင်း သိရတယ်။

ဒါကြောင့် ဘုရားဌာန်တောင်ဟာ လွန်ခဲ့သော နှစ်သန်းပေါင်း ၁၆၀ ခန့် ကပင် တည်ရှိနေပြီဖြစ်တယ်။ တနင်္သာရီ တိုင်းဒေသကြီးအတွင်း ထုံးကျောက် တောင်အမျိုးအစားများကို ရှားပါးစွာ တွေ့ရကြောင်း အထူးသဖြင့် တနင်္သာ ရီမြို့နယ် သာရဘွင်ဒေသနှင့် ဘုတ်ပြင်းမြို့နယ် ရတနာပုံဒေသများတွင်သာ တွေ့ရှိရကြောင်း ကွင်းဆင်း ဘူမိဗေဒ ပညာရှင်တစ်ဦးက ဆိုတယ်။

ဒေသခံပြည်သူများ၏ အဆိုအရ အစောဆုံး ဘုရားဌာန်ဒေသကို အလောင်းမင်းတရားကြီး ဦးအောင် ဇေယျ ယိုးဒယားကို စစ်ချီစဉ်အခါမှ စတင်၍ ပြောဆိုနိုင်တယ်။ ယင်းကာလ သည် ခရစ်နှစ် ၁၇၆၀ ခုဖြစ်ပါ၍ လွန်ခဲ့သော နှစ်ပေါင်း ၂၆၀ နှစ်ခန့် ကိုသာ၊ ရည်ညွှန်းတယ်။ အထက်ဖော်ပြပါကာလ၏ အရှေ့ပိုင်းကာလများကို ဖော်ပြနေသော သက်သေ အထောက်အထားများကတော့ ဘုရားဂူရှိ ဗုဒ္ဓ ရုပ်ပွားတော်များ ဖြစ်တယ်။

ခေတ်လက်ရာ အမျိုးမျိုးရှိသော ဗုဒ္ဓရုပ်ပွားတော် ၅၀ ခန့် တွေ့ရှိ မှတ် တမ်း တင်နိုင်ခဲ့တယ်။ အစောဆုံး ဟံသာဝတီ ခေတ် ၁၆ ရာစုနှင့် နောက် အကျဆုံး ကုန်းဘောင်ခေတ် ၁၇ ရာစု လက်ရာများ ဖြစ်တယ်။ မြန်မာနိုင်ငံရှိ ရှေးအကျဆုံး လူနေထိုင်ရာဂူက ရှမ်းပြည် တောင်ပိုင်း ရွာငံကျေးရွာရှိ ဗဒလင်းဂူ (ပဒတ်လိုဏ်) ဖြစ်တယ်။ ဒီဂူအတွင်း လူတွေ လွန်ခဲ့သောနှစ်ပေါင်း ၂သောင်း ၂ထောင် မှ ၁သောင်း ၁ထောင်အထိ နေထိုင်ခဲ့ကြောင်း သိရတယ်။ ဒါ့အပြင် ရှေးလူ များ နေထိုင်ခဲ့ပြီး ဗုဒ္ဓယဉ်ကျေးမှု လက်ရာ များနှင့်အတူ ယနေ့ ကာလတိုင် ထင်ရှားသော ရှမ်းပြည်နယ်ရှိ ပင်းတယ ဂူ၊ ကရင်ပြည်နယ်ရှိ ကော့ကွန်းဂူ၊ ဆန္ဒန် ဂူများ တည်ရှိပါသေးတယ်။

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ် ပြည်ကြီးမဏ္ဍိုင်မြို့နယ်ခွဲတွင် တည်ရှိတဲ့ ဘုရားဌာန်ဒေသ ကျောက်ဂူများက ရှေး လူနေထိုင်ရာ ဒေသဖြစ်ရန် အလား အလာ အလွန်များတယ်။ အထူးသဖြင့် လူသားများအတွက် အသက်ရှင်ရပ် တည်ရန် အလွန်အရေးကြီးသော ရေနှင့် အစားအစာ၊ လုံခြုံရေးစတဲ့အချက် များ ဟာ ဘုရားဌာန်ဒေသဟာ အလွယ်တ ကူ ရရှိနိုင်တယ်။

လေ့လာခဲ့တဲ့ ဂူ ၁၃ ဂူတွင် လူနေ ထိုင်ရန် အကောင်းဆုံး အခြေအနေ ဖြစ်သော စေတီတည်ရှိရာဂူ၊ ဘုရားဂူ၊ လင်းနို့ဂူ(၂)၊ ရေဂူတို့ ဖြစ်တယ်။ ဒါပေမယ့် လေ့လာရေးကာလတို တောင်းလွန်းခြင်း၊ လွတ်လပ်ရေးရပြီး နောက်ပိုင်း ခေတ်အဆက်ဆက် လူတို့ ခေတ္တနေထိုင်ခြင်း၊ လင်းနို့များ နေထိုင် သဖြင့် လင်းနို့ချေးများ ထူထပ်လွန်းခြင်း၊ နယ်မြေ မအေးချမ်းခြင်း၊ လမ်းပန်း ဆက်သွယ်ရေးခက်ခဲခြင်း စသည်တို့ ကြောင့် စနစ်တကျ လေ့လာနိုင်ခြင်း မရှိခဲ့လို့ နောင်ကာလများတွင် စနစ် တကျ ထပ်မံသုတေသန ပြုလုပ် နိုင်ပါ က အထောက်အထားများ တွေ့ရှိနိုင် မည်ဟု ယုံကြည်မိပါတယ်။

ဆရာဇော် (စိတ်ပညာ)