ကျွန်းစုတွင် ဘုရားမီးမှ တဆင့် ဘုန်းကြီးကျောင်းတစ်ကျောင်း မီးလောင်

0
413

ကျွန်းစုမြို့နယ် သန္တုတ် (ဒေသ အခေါ် တောနောက်လယ်) ကျေးရွာ အုပ်စု သန္တုတ်ကျေးရွာတွင် ဩဂုတ်လ ၂ ရက်နေ့က ဘုရားမီးပူဇော်ထားရာမှ မီးကူးစက်ပြီး ဘုန်းကြီးကျောင်း တစ်ကျောင်း မီးလောင်မှု ဖြစ်ပွားခဲ့ ကြောင်း ယင်းကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူး ဦးစိုးလွင်ထံမှ သိရသည်။

ယင်းနေ့ ဝါဆိုပန်းကပ်သည့်နေ့ တွင် ဘုရားမီး ပူဇော်ထားသည့် ဖယောင်း တိုင်မီးမှ တရားဟောပလ္လင်ကို မီးကူး စက်ပြီး ယင်းနှစ်ထပ်ကျောင်းဆောင် စတင်လောင်ကျွမ်းခဲ့ကြောင်း ဦးစိုးလွင် က ပြောသည်။

နံနက် ၃ နာရီခွဲခန့်တွင် ယင်း ဘုန်းကြီးကျောင်းမှ ရဟန်းတစ်ပါးက မီးလောင်သည်ဟု အော်ဟစ်အကူအညီ တောင်းခဲ့သဖြင့် ရွာသားများက ဝိုင်း ဝန်း ငြိမ်းသတ်ခဲ့ရာ နံနက် ၄နာရီ ခန့် တွင် မီးငြိမ်းသွားခဲ့သည်ဟု သိရ သည်။

“ထိခိုက်ဒဏ်ရာရတာတာ့ မရှိဘူး”ဟု ဦးစိုးလွင်က ဆိုသည်။
သို့သော် မီးလောင်ကျွမ်းမှုကြောင့် တရားဟောပလ္လင်၊ မျက်နှာကျက်နှင့် သွပ်မိုးများ ပျက်ဆီးခဲ့ရပြီး ခန့်မှန်းခြေ ကျပ်သိန်း ၁၀၀ ခန့် ဆုံးရှုံးမှုရှိမည်ဟု ဦးစိုးလွင်က ပြောသည်။
အဆိုပါ တောနောက်လယ်ကျေး ရွာတွင် ဘုန်းတော်ကြီးကျောင်းနှစ် ကျောင်းရှိပြီး ယခုမီးလောင်ကျွမ်းခဲ့ သည့်ကျောင်းမှာ ကုန်းဘောင်ကျောင်း (ကျောင်းငယ်)ဖြစ်ကာ ကိုရင်ငယ် ၆ ပါးနှင့် ကျောင်းထိုင် ဆရာတော် အပါ အဝင် ဦးပဉ္ဇင်း ၆ ပါး သီတင်းသုံးနေ သည်ဟု ယင်းရွာသားတစ်ချို့က ပြောပြ သည်။