မှတ်ပုံတင်အတု လုပ်ပေးသည့် ဘုတ်ပြင်း လ.၀.က ဦးစီးမှူးပါ ၂ ဦးကို ဖမ်းဆီး

0
678

ဘုတ်ပြင်းမြို့နယ်တွင် တာဝန် ထမ်းဆောင်နေသည့် လ.၀.က ဦးစီးမှူး နှင့် ဒုဦးစီးမှူးတို့အား မှတ်ပုံတင်အတု ပြုလုပ်ပေးမှုဖြင့် အရေးယူထားကြောင်း ကော့သောင်းမြို့နယ် မှုခင်းရဲတပ်ဖွဲ့ထံမှ သိရ သည်။

၎င်းတို့နှစ်ဦးသည် ရန်ကုန်မြို့ အင်းစိန် မှုခင်းရဲတပ်ဖွဲ့က ဖမ်းဆီး ထိန်း သိမ်းထားသည့် ထိုင်းနိုင်ငံသား တစ်ဦး ကို ၆^ဘပန (နိုင်) ကိုင် ဆောင်နိုင်ရန် မသမာသည့်နည်းဖြင့် ပူးပေါင်း ကြံစည် ပေးခဲ့ခြင်းဖြစ်ကြောင်း ယင်းတပ်ဖွဲ့မှ သိရသည်။
၎င်းတို့အား ကော့သောင်းမြို့နယ် ရဲစခန်းတွင် ဩဂုတ်လ ၇ ရက် နေ့တွင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၉၈၂ခုနှစ် မြန်မာနိုင်ငံသား ဥပဒေပုဒ်မ ၁၉ အရ အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဘင်္ဂါလီများကို လူကုန် ကူးမှုဖြင့် ထိုင်းမှ ဖမ်းဝရမ်း ထုတ်ထား သည့် အထက်ပါ ထိုင်းနိုင်ငံသားသည့် ကော့သောင်းသို့ တိမ်းရှောင်လာပြီး ထို့မှ တဆင့် ရန်ကုန်သို့ ထွက်ပြေးရန် မှတ်ပုံ တင်လိုအပ်စဉ်ငွေပေးပြီး မှတ်ပုံတင် ပြု လုပ်ခဲ့သည်ဟု အဆိုပါထိုင်းနိုင်ငံသား၏ ထွက်ဆိုချက်ကို ကိုးကားပြီး မှုခင်းရဲ တပ်ဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။
ရန်ကုန်တွင် ဖမ်းမိချိန်တွင် မှတ်ပုံ တင် သိမ်းဆည်းရမိရာမှ CID မှ စစ် ဆေးသည့်အတွက် အဖြစ်မှန်ပေါ်ပြီး ဖမ်း ဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။