ကော့သောင်းတွင် ဒေသခံ ဧည့်လမ်းညွှန်သင်တန်း ပထမဆုံးအကြိမ်ဖွင့်

0
505

ထိုင်းနိုင်ငံ နယ်စပ်မြို့တစ်မြို့ ဖြစ် သည့် ကော့သောင်းမြို့နယ်တွင် ဒေသခံ ဧည့်လမ်းညွှန် သင်တန်းကို ပထမဆုံး အကြိမ် ဖွင့်လှစ်ခဲ့ကြောင်း ကော့သောင်း ဟိုတယ်နှင့် ခရီးဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနထံမှ သိရသည်။

ဩဂုတ်လ ၃ ၇က်နေ့က စတင် သည့် ယင်းသင်တန်းကို တစ်လကြာ ဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး တနင်္သာရီ တိုင်းအတွင်းမှ ၇၀ ဦးခန့်နှင့် အခြား ဒေသမှ ၃၀ ဦးကျော် စုစုပေါင်း သင် တန်းသားဦးရေ ၁၀၀ ဝန်းကျင် တက် ရောက်သည်ဟု ယင်းဌာနမှ သိရသည်။

တိုင်းအတွင်းမှာရော တခြား ဒေသ အတွင်းမှာပါ ခရီးသွားလာရေး ဖွံ့ဖြိုး တိုးတက်ရန် အပြိုင်အဆိုင် လုပ်နေသည့် ကာလတွင် ဒေသခံ ဧည့်လမ်းညွှန် လို အပ်ချက် မြင့်မား လာသည့်အတွက် ယင်း သို့ သင်တန်းဖွင့်ခြင်းဖြစ်ကြောင်း ကော့ သောင်းဟိုတယ်နှင့်ခရီး ဖွံ့ဖြိုးတိုး တက်ရေး ဦးစီးဌာန ဦးစီးမှူး ဦးလွမ်း မိုးက ပြောသည်။

“ကျွန်တော့်အတွက် ဧည့်လမ်းညွှန် သင်တန်းဆင်းလက်မှတ်ရဖို့ အရေးကြီး ပါတယ်။ ဒါမှလည်း ကိုယ်တက် မြောက် ထားတဲ့ ဘာသာစကားနဲ့ ဘယ်လိုနေရာ မျိုးမှာမဆို မျက်နှာမငယ်ဘဲ အလုပ် လျှောက်ထားနိုင်မှာပါ”ဟု သင်တန်း သား တစ်ဦးဖြစ်သည့် ကိုဝေလင်းဖြိုးက ဆိုသည်။
လက်ရှိတွင် ကော့သောင်း၌ ဘာ သာစကား တတ်ကျွမ်းသူများက နား လည်မှုဖြင့် လုပ်ကိုင်နေကြပြီး ယင်းကဲ့သို့ သင်တန်း တက်ရောက်ထားသူများ မဟုတ်ပေ။