ကော့သောင်း ကိုယ်စားလှယ်လောင်းတစ်ဦးအား ပါတီဝင်တချို့ ကန့်ကွက်

0
511

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (ဗဟို)က ရွေးချယ်ပေးလိုက်သည့် ကော့ သောင်း ကိုယ်စားလှယ်လောင်းများ အနက်တရားလွှတ်တော် ရှေ့နေ့ တစ်ဦး ဖြစ်သည့် ဦးခင်ဇော်အား ပြန်လည် စိစစ်ပေးရန် ရပ်/ကျေး ပါတီဝင်တချို့က ဩဂုတ်လ ၅ ရက်နေ့တွင် ဗဟိုသို့ ကန့် ကွက်စာပေးပို့ထားကြောင်း ကော့သောင်း မြို့နယ် အင်န်အယ်လ်ဒီပါတီထံမှ သိရ သည်။

ဩဂုတ်လ ၁ ရက်နေ့တွင် ဗဟိုက ထုတ်ပြန်လိုက်သည့် စာရင်းအရ ကော့ သောင်းမြို့နယ်မှ ဝင်ပြိုင်မည့် ကိုယ်စား လှယ်လောင်းများမှာ ဦးခင်ဇော်(တရား လွှတ်တော်ရှေ့နေ၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်)၊ ဦးမြင့်မောင်( တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ်(၂))၊ ဦးနေထွန်း (တိုင်းဒေသကြီး မဲဆန္ဒနယ် (၁))၊ ဒေါက်တာ ခင်မောင်ဝင်း (အမျိုးသား လွှတ်တော် မဲဆန္ဒနယ် (၁၁)) တို့ ဖြစ် သည်။

ဦးခင်ဇော်သည် တရားလွှတ်တော် ရှေ့နေဖြစ်သော်လည်း ပြည်သူလူထု အရေး၊ တောင်သူလယ်သမားအရေး အား ပါဝင်ဆောင်ရွက်ရာတွင် တရားမျှ တမှုမရှိခြင်းနှင့် ပါတီအရေး ဆောင်ရွက်မှု အားနည်းခြင်းကြောင့် ယင်းသို့ ကန့်ကွက် ခြင်းဖြစ်ကြောင်း ၁၈ မိုင် ကျေးရွာမှ အင်န်အယ်လ်ဒီ ပါတီဝင်တစ်ဦးက မှတ် ချက်ပြုသည်။

“အခုကန့်ကွက်ကြတာက ပုဂ္ဂိုလ် ရေး တိုက်ခိုက်မှုသက်သက်ပါ” ဟု ဦးခင်ဇော် က တုန့်ပြန်သည်။
အမှုကိစ္စများတွင် ဆုံးဖြတ်ချက် သည် တရားသူကြီးနှင့်သာ သက်ဆိုင် သည့်အတွက် အမှုရှုံးတိုင်း ရှေ့နေတစ် ယောက်အနေဖြင့် ပါတီဝင်များဘက်က မရပ်တည်ဟု မပြောသင့်ဟုဦးခင်ဇော်က ပြောသည်။

ကော့သောင်းမြို့ခံ တစ်ဦးလည်း ဖြစ်သည့် ဦးခင်ဇော်သည် လက်ရှိတွင် ပါတီ၏မြို့နယ် သဘာပတိ အဖွဲ့ဝင် တစ်ဦးဖြစ်ပြီး ဗဟိုကရွေးချယ်သည့် အတိုင်း ဝင်ရောက်အရွေးခံမည်ဟု ထပ် လောင်း ပြောသည်။
ယင်းကန့်ကွက်လွှာကို ရပ်/ ကျေး ပါတီဝင်နှင့် ဒေသခံ ၇၃ ဦး လက်မှတ် ထိုးပေးပို့ခဲ့သည်ဟု ကန့်ကွက်ရာတွင် ဦးဆောင်သူ တစ်ဦးဖြစ်သည့် ဦးမျိုးလွင် ထံမှ သိရသည်။
ထို့အပြင် နောက်ထပ် ကန့်ကွက် လက်မှတ်များကိုလည်း စုဆောင်းနေပြီး ဩဂုတ်လ ၆ ရက်နေ့ ညအထိ ၁၀၀ ဝန်းကျင် ရထားကြောင်း သိရသည်။
ဦးမျိုးလွင်သည် ကော့သောင်း ၈၈ အဖွဲ့ဝင် တစ်ဦးလည်းဖြစ်ပြီး ယခုကန့် ကွက်မှုသည် ကော့သောင်း ၈၈ အဖွဲ့နှင့် မသက်ဆိုင်ဟု ဦးမျိုးလွင်က ပြောသည်။
မြိတ်ခရိုင် ကျွန်းစုမြို့နယ်တွင် လည်း ကိုယ်စားလှယ်လောင်း ၃ ဦးကို မြို့နယ် အလုပ်အမှုဆောင်အဖွဲ့နှင့် အောင်နိုင်ရေး အဖွဲ့ဝင်များက ကန့် ကွက်ထားသည်။